အပိုင်း(၁၀)

296 12 0
                                    

Unicode

မြို့နယ်တရားရုံးလေးထဲတွင်တရားသူကြီးစုံစုံလင်လင်ဖြင့်အမှုကြားနာနေ၍ဒီနေ့ဟာတော့ နောက်ဆုံးရုံးချိန်းဖြစ်သည့်အလျောက်တရားလိုရှေ့နေနှင့်တရားပြိုင်ရှေ့နေအငြင်းပွားနေ၍နစ်နာသူမိသားစုဘက်မှ အမှုကို တရားမျှတမှုရအောင်မျှော်လင့်နေကြသည်။

"၁၉၈၀မြန်မာပြည်စံရင်ထုံး၂၄မှာပါရှိတဲ့မောင်ထွန်းလွင်နှင့်ပြည်ထောင်စုအမှုအရ...."

"တရားခံသည်သေဆုံးသူအားအလိုမတူပဲသားမယားအဖြစ်ပြုကျင့်စဥ်သေသူကအော်ဟစ်အကူအညီတောင်းသဖြင့်တရားခံကရိုက်ပုတ်သောကြောင့်သေသူတွင်ဒဏ်ရာများရရှိပြီးသေဆုံးရကြောင်းပေါ်ပေါက်သဖြင့်၊တရားခံသည်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရထိုက်သောမုဒိန်းမှုကိုကျူးလွန်စဥ်အတောအတွင်းတစ်ဆက်တည်းဆိုသလိုလူသတ်မှုကိုကျူးလွန်သဖြင့်ပုဒ်မ၃၀၂(၁)(ဂ)အရပြစ်မှုကျူးလွန်ကြောင်းထင်ရှားသည်"

တရားသူကြီးရဲ့အမိန့်စကားကြောင့် နစ်နာသူမိသားစုဘက်မှ မျက်ရည်များစွာစီးကျပြီးငိုချလိုက်တော့သည်။

"ဤရာဇသတ်ကြီးအရ ခုနှနှစ်အထိထောင်ဒဏ်ချမှတ်ခြင်းခံရထိုက်သောပြစ်မှုကိုကျူးလွန်နေစဥ် လူသတ်မှုကိုကျူးလွန်လျှင် ထိုသူကိုသေဒဏ်ချမှတ်ရမည့်အပြင်ငွေဒဏ်လဲချမှတ်နိုင်သည်"

ပြစ်ဒဏ်ချမှတ်ပြီးနောက်ငိုတဲ့သူကငိုယိုလျက် တရားရုံးလေးထဲတွင်လူအဝင်အထွက်များပါးလာတော့သည်။

"အီး...ဟီး....သမီးလေးရဲ့အမှုနိုင်သွားတာမို့ တမလွန်မှာအေးအေးချမ်းချမ်းအနားယူပါတော့သမီးလေးရယ်အီး...ဟီး"

ထို့နောက် သိမ်းစရာရှိတာများသိမ်းဆည်းပြီး တရားရုံးထဲကပြန်ထွက်တော့မည့်ဧကရာဇ်ဆီရောက်လာ၍

"ကျေးဇူးပါပဲရှေ့နေလေးရယ် အီး...ဟီး..."

"မဟူတ်တာ တရားမျှတမှုရအောင်ဆောင်ရွက်ပေးရမှာက ကျွန်တော်တို့ရှေ့နေတွေရဲ့အလုပ်ပဲလေ"

နစ်နာသူမိသားစုကိုနှစ်သိမ့်ပြီးပြန်ထွက်လာတာနဲ့တရားရုံးအပြင်ဘက်မှာစောင့်နေသူတွေကKarishနဲ့ ရဲမှူး။

Karishna &The Psychic Killer [ Completed ]Where stories live. Discover now