အပိုင်း(၁၅)

313 12 0
                                    

Unicode

သူမဒီနေရာမှာပိတ်မိနေတာရက်သတ္တပတ်ရှိခဲ့သည့်တိုင်အောင် သူမဘယ်ကိုရောက်နေသလဲဆိုတာလဲမသိ။လက်ကောက်ဝတ်တွေနဲ့ခြေကျင်းဝတ်တွေကိုတော့သံကွင်းနဲ့ခြည်နှောင်ထားပြီး သူမရဲ့ပုံစံက ခွေးတစ်ကောင်အလား။ သူငယ်ချင်းအိမ်လည်ပတ်ပြီးအပြန်မှာ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကနောက်ကနေသူမဦးခေါင်းကိုရိုက်ချပြီး ဒီနေရာခေါ်လာပြီးပိတ်လှောင်ထားခဲ့ခြင်းဖြစ်သည်။တိုက်ခန်းလေးကတော့စုတ်ချာနေ၍ အတွင်းပိုင်းပြင်ဆင်မှုတွေကတော့လူသတ်လက်နတ်အစုံဖြင့်နံရံပေါ်တပ်ဆင်ထားသည်။ သူမဘာလို့ဒီနေရာကိုရောက်နေရတာလဲ။

"သတိရလာပြီလား"

ဝင်လာတဲ့လူကိုကြည့်လိုက်တော့ အသက်၂၅အရွယ်လောက်ရှိမည့်ခပ်ချောချောလူငယ်တစ်ယောက်။ ဒီလူဘယ်သူလဲ တစ်ခါမှမမြင်ဖူးမတွေ့ဖူးတဲ့ထိုလူဟာ သူမကိုများသိနေခဲ့သလား။ထို့နောက် ထိုလူကထမင်းပန်းကန်ကိုင်လျက် သူမရှေ့လာချပြီး ခွေးစာကျွေးသလို။စုတ်ပြတ်နေသောသူမတစ်ကိုယ်လုံးကို ခပ်ထေ့ထေ့ကြည့်၍

"စားလေ"

"ကျွန်မကိုသိလား၊ဒါမှမဟုတ်ကျွန်မရှင့်အပေါ်မှာကျူးလွန်ခဲ့မိတဲ့အမှားတစ်စုံတစ်ရာများရှိခဲ့လို့၊ကျွန်မကိုဒီလိုချုပ်နှောင်ထားရတာလဲ"

ထိုလူကသူမအမေးစကားကြောင့်လက်ထဲက ကိုင်ထားတဲ့ဟန်းဖုန်းကိုကြမ်းခင်းပေါ်ခဏချထားလိုက်ပြီး လက်ပိုက်လျက်

"မင်းကိုလဲမသိဘူး၊မင်းကငါ့အပေါ်မှာလဲအပြစ်ကျူးလွန်ခဲ့တာမရှိဘူး။ဒါပေမယ့်သိလား မင်းတို့လို မိန်းမလှလေးတွေကိုနှိပ်စက်ပြီးသတ်ရတာငါ့အတွက်ပျော်ဖို့ကောင်းတယ်...ဟားဟား"

အရိုင်းဆန်တဲ့မျက်ဝန်းတွေဖြင့်သူမကိုကြည့်ရင်းပြောလာတဲ့ထိုလူ့စကားကြောင့်သူမကြောက်ရွံ့တုန်လှုပ်သွားပြီးမငိုမိအောင်ထိန်းထားနေတုန်းမှာပဲထိုလူက ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး အတွင်းခန်းထဲမှတစ်ခုခုသွားယူနေစဥ်ကြမ်းခင်းပေါ်မှာချထားတဲ့ဟန်းဖုန်းကိုခပ်မြန်မြန်ကောက်ယူလိုက်ပြီး အရေးပေါ်ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်သည်။

Karishna &The Psychic Killer [ Completed ]Where stories live. Discover now