အပိုင်း(၁၆)

328 13 1
                                    

Unicode

တစ်ဖက်မှဖုန်းသံပိတ်သွားတာနဲ့ Karishကြာကြာမတွေးတော့ပဲ ရဲဝန်ထမ်းတစ်ဦးကိုခေါ်လိုက်ပြီး ဖုန်းနံပါတ်ပေးလိုက်ကာ

"ဒီဖုန်းရဲ့တည်နေရာကိုအခုချက်ချင်းမြန်မြန်ရှာအရေးကြီးနေပြီ"

"ဟုတ်ကဲ့"

ထို့နောက်ငွေရောင်လက်ထိပ်တစ်ခုနဲ့Pistol Gun G41 Gen4ကို ခါးပတ်ကြားထဲထိုးထည့်လိုက်ပြီး ၁၅မိနစ်လောက်ကြာတော့ ထိုရဲဝန်ထမ်းလေးပဲ ပြန်ရောက်လာပြီး Lattopကိုင်လျက်..

"တည်နေရာကိုရှာဖွေလိုက်တော့ သီရိရိပ်မွန် အိမ်ယာလို့ပြထားတယ်"

"ကောင်းပြီ၊မင်းတို့နောက်ကလိုက်လာခဲ့ ငါအရင်သွားနှင့်မယ်"

ရဲစခန်းကအထွက် ရှေ့မှာထိုးရပ်လာတဲ့BMWကားနီလေးကိုကြည့်လိုက်တော့ကားထဲမှဧကရာဇ်လက်ပြနှုတ်ဆက်လိုက်တော့

"ခင်ဗျားဒီနေရာကိုဘာလာလုပ်တာလဲ၊ခင်ဗျားနဲ့မဆိုင်တော့ဘူး"

"မင်းကိုလာတွေ့တာလေ အခုအားလား"

"မအားဘူး၊အခုပဲအရေးကြီးတဲ့နေရာကိုသွားရမှာ"

ဧကရာဇ်ခေါင်းငြိမ့်လိုက်ပြီး ကားတံခါးဆွဲဖွင့်၍ Karishကိုကြည့်ကာ

"ငါ့ကားနဲ့လိုက်ပို့မယ်"

Karishလဲမြန်မြန်ရောက်ပီးရောတွေး၍ ကားထဲဝင်ထိုင်လိုက်တာနဲ့
အရှိန်မြင့်မောင်းထွက်လိုက်တော့ Karishမျက်လုံးပြူးသွားပြီး

"ဖြည်းဖြည်းမောင်းလေ သေတော့မှာပဲ"

ပွိုင့်လွတ်အောင် တစ်စီးပြီးတစ်စီးကျော်တက်မောင်းနေပုံက ပြိုင်ကားမောင်းနေတဲ့အတိုင်း ။အလုပ်ပြုတ်ရှေ့နေ့ဖြစ်ပြီးနောက်ယာဥ်စည်းကမ်းလမ်းစည်းကမ်းကိုမေ့နေတာလားဒီလူ...။နောက်ထပ် ပွိုင့်ကျော်တက်တုန်းကုန်တင်ကားတစ်စီးကိုဝင်တိုက်တော့မလိုမြင်လိုက်တာနဲ့

"အား!ခင်ဗျားဖြည်းဖြည်းမောင်းလို့မရဘူးလားဧကရာဇ်"

စိုးရိမ်စိတ်နဲ့ပြောလာတဲ့Karishကိုလှည့်ကြည့်လိုက်ပြီး မထိတထိပြုံး၍

"ဒီလောက်လေးနဲ့တော့မသေပါဘူးစိတ်ချ မင်းပဲအရေးကြီးတယ်ဆိုလိူ့ကို၊ သေရမှာတော့ကြောက်နေတာလား"

Karishna &The Psychic Killer [ Completed ]Where stories live. Discover now