Ch-1(Uni/Zg)

75.4K 3.9K 407
                                    

" ပစ္စည်းပါလား"

တဖက်လူကို စကားပြန်မပြောပဲ မျက်ခုံးတချက်တွန့်ကာ သူ့လက်ထဲမှာဆွဲလာတဲ့ အိတ်ကိုမျက်စပစ်လိုက်သည်

" မင်းတယောက်ထဲလာတာ သေချာရဲ့လား ဗစ်တာ "

" ခင်ဗျားရှေ့မှာ လူဘယ်နှယောက်ရပ်နေတာမြင်လို့လဲ ကျုပ်အပိုစကားတွေပြောဖို့ အာရုံမလာဘူး "

" ကောင်းပီလေ "

တဖက်လူက သူ့ရဲ့တပည့်ကိုအချက်ပြကာ အရက်ပုလင်းတွေယူလာရန် အမိန့်ပေးလိုက်သည်...

" ခလွမ်း "

အရက်ပုလင်းတွေယူလာတဲ့ တဖက်လူရဲ့နောက်လိုက်က မတော်တဆပုံစံမျိုးနဲ့ ဟန်နရီရဲ့အ၀တ်အစားတွေပေါ်ကို အရက်တွေသွန်ချလိုက်သည်...

" sorry မတော်တဆ "

" ခင်ဗျားတပည့်က ဒါဘာအချိုးချိုးတာလဲ ဦးကောင်းမြတ် "

" မတော်တဆပဲလေ သူခြေချော်လို့ဖြစ်သွားတာပါ "

တဖက်လူရဲ့အဖြေကြောင့် ဟန်နရီ ခေါင်းငုံ့ကာခပ်ရေးရေးလေးပြုံးလိုက်ပီး သူ့ပါးစောင်ကိုလျှာနဲ့ထိုးကာ ဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်သည် ဒေါသစိတ်တွေဆူပွက်နေတဲ့ဟန်နရီက သူ့ခြေထောက်အောက်ပြုတ်ကျနေတဲ့အရက်ပုလင်းနဲ့ ဦးကောင်းမြတ်ရဲ့တပည့်ခေါင်းကို ရိုက်ခွဲလိုက်သည်...

" ခွပ်!! "

" sorry မတော်တဆ "

ဟန်နရီရဲ့အပြုအမူကြောင့် ဦးကောင်းမြတ်တယောက် လက်ခုပ်တီးကာ သဘောကျစွာရယ်လိုက်သည်...

" တကယ်ပဲ ဟန်နရီဗစ်တာပီသပါပေတယ် "

" ကျုပ်နာမည်အပြည့်အစုံကို ခင်ဗျားပါးစပ်ကနေခေါ်ခွင့်မရှိဘူး "

" စိတ်လျှော့အုံးလေ ဗစ်တာ "

" ကျုပ်အမြင်မှာတော့ ခင်ဗျားကအချိန်တွေအရမ်းဆွဲနေသလိုပဲ ဘယ်မှာလဲ ကျုပ်နဲ့လဲမဲ့ပစ္စည်း "

" အေးဆေးပေါ့ အဲ့လောက်လဲစိတ်လောစရာမလိုပါဘူး "

" ခင်ဗျားက အခုမှလူသစ်ဆိုတော့ ဗစ်တာရဲ့အကြောင်းမသိသေးဘူးထင်တယ် အဟက် "

" ခက်တာက မင်းနဲ့လဲမဲ့ပစ္စည်းက ငါ့ဆီမှာရှိမနေဘူး "

" ကျစ်!!! ခင်ဗျားကတော့ ကျုပ်ရဲ့စိတ်ကိုလာဆွနေပီထင်တယ် "

HANARY(S1+S2) Where stories live. Discover now