Chapter (6.1)

6.7K 882 40
                                    

{Unicode }

ဒါဟာ ရှုပေါ်စု တစ်ယောက် အိမ်ကို မိမိက ဂေးဖြစ်ကြောင်း ဝန်ခံပြီးနောက် ဖြစ်လာတဲ့ အရာတွေပဲ ဖြစ်လေတယ်။

ဒါပေမယ့် ရှုပေါ်စု က အမွေပြတ် တော့ စွန့်အပြစ် မခံရဘူး မဟုတ်လား?

တကယ်လို့ အရိုးတွေ ချိုး အသားတွေဖောက်ထုတ် လိုက်ရင်တောင် မှပဲ အရိုးကိုဆွဲထားတဲ့ အကျောတွေ ရှိသေးတာကို။ *1

အရာအားလုံးကို ပြန်သိမ်း သွားပါတယ် ဆိုတဲ့ အကြောင်းပြ ချက်ကြီး ကိုတော့ ကျန်းရှု တစ်ယောက် လုံးဝ မယုံနိုင်ဘူး ။ သူက ၃ နှစ်သား ကလေးမှ မဟုတ်တော့တာကို။

" အို ''

ဒီလူက အိမ်မက်ဆန်ဆန် ကစားချင်မှတော့ သူကလည်း လိုက်လျောပေးရမှာပေါ့လို့ ကျန်းရှု တွေးလိုက်တယ်။

" ကောင်းပြီလေ။ ချမ်းသာ ငယ်ရွယ်တဲ့ ဒီသခင်လေးက ဘဝရဲ့ ဆင်းရဲမှုတွေကို အခုတစ်ခါတော့ ခံစားကြည့်ရတော့မှာပေါ့။ အမ်း မဆိုးပါဘူးလေ။ ''

သူ့ဇနီးလေးက ဒီစကားကို ပြောတာ သူ့ကို မယုံမှန်း ရှုပေါ်စု နားလည်လေတယ်။

ရှုပေါ်စု :''........''

ငါ့ဇနီးလေးကို ယုံကြည်အောင် ဘယ်လိုရှင်းပြ ရမလဲ အွန်လိုင်းကနေ စောင့်နေပါတယ်။

" ဘယ်လိုပဲ လုပ်လုပ်ပါလေ။ ကျွန်တော်ကလည်း ဆင်းရဲတဲ့ လူပဲလေ။ ''

ကျန်းရှုက အိုဟောင်း နေတဲ့ တိုက်ခန်းလေးကို ဝေ့ကြည့်ကာ ပြောလိုက်တယ်။

"တစ်ခြား တစ်မျိုး ပြောကြကြေးဆို အခု ကျွန်တော်က ခများနဲ့ လက်ထပ်ပြီးသွားပြီ။ ဆိုတော့ ကြက်နဲ့ယူရင် ကြက်နောက်လိုက် ၊ ခွေးနဲ့ ယူရင် ခွေးနောက် လိုက်ရမှာပေါ့လေ ''*2

" ဒါကတော့ အမှန်ပဲ ''

ရှုပေါ်စုက ကောင်လေး ပြောတာကို သဘောတူကာ ခေါင်းငြိမ့် လိုက်တယ်။ သူပြော လိုက်တဲ့ စကားကို ကြားလိုက်တာနဲ့ နီရဲနေတဲ့ ကောင်လေးရဲ့ မျက်နှာဟာ မဲမှောင်လာပြီးတော့ စိတ်တိုတဲ့ အသံလေး ထွက်လာခဲ့ လေတယ်။

" ရေချိုးခန်းက ဘယ်နေရာမှာလဲ? ကျွန်တော် ရေချိုးပြီး အနားယူချင်ပြီ! "

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now