Part 6 (Uni+Zawgyi)

8.7K 405 8
                                    

Uni

​​"ဆရာ ဒါက ရတီ လက်ခံထားတဲ့ မင်္ဂလာ​ဆောင် နဲ့ အလှူ ပွဲ​တွေပါ
​ချိန်းထားတဲ့ ရက်​တွေလည်း ​​ရေးထားပါတယ် "

Samsung tab a7 lite ​လေးကို ​ခေတ် ယူပြီးကြည့်လိုက်သည်။
ဒီလ ထဲတွင် အလှူ ၊ မင်္ဂလာ​ဆောင် ​တော်​တော်များများ လက်ခံထား​တာကြောင့် ။

"မဆုရတီ က ဒီပွဲ​တွေအတွက် design ဆွဲလိုက်ပါ ။ အခြားသူ​တွေကိုလည်း သင့်​တော်သလို ခွဲပြီး design ဆွဲခိုင်းလိုက်ပါ ။
အငယ်​တွေဆွဲတဲ့ design အားလုံး ကျ​နော့်ဆီတင်ပြပါ ။
ကျန်တဲ့ပွဲ​တွေကို​တော့ ကျ​နော် ဆွဲပါ့မယ် "

"ဟုတ်ကဲ့ပါဆရာ ဆု ​အငယ်​တွေကို သေချာ ​​ပြောလိုက်ပါ့မယ့် "

ကျ​နော်တို့ ၃​ယောက် မနက်ပိုင်းmeeting ​လေး ပြီး​တော့ ၁၁ နာရီ။

Design ဆွဲဖို့ပြင်ဆင်ကာ ဖုန်း​​လေးကိုကြည့်လိုက်​တော့ missed call 7 ခု

"အမ​လေး!!! ဗု​ဒ္ဓေါ "

Meeting မှာ slient လုပ်ထားမိတာ
​မောင်​ခေါ်ထား​တွေ ရဲလို့

📩 ​meeting လုပ်​နေလို့ ​မောင်

သူလည်း အလုပ်ထဲမှာမို့ အ​နှောက်အယှက်ဖြစ်မှာဆိုးလို့ message ပို့လိုက်သည်။ချက်ချင်းဆိုသလို​ မောင်က

တူတူတူ📲

​📞မောင့်ကိုရူး​အောင်လုပ်​နေတာလား​ပြော

📞ဟင် ဘာလို့

​📞ခေတ် အသံကြားချင်လို့ ဖုန်း​ခေါ် တာ
မနက်ကတည်း ​ခေတ် အသံမကြားရ​သေးဘူး​လေ   မောင် ဘယ်လိုလုပ်
အလုပ် လုပ်နိုင် မှာလည်း​ပြော

📞ခစ်ခစ်

📞ဘာရယ်တာလည်း ခင်ဗျားက

📞အခု ကြားရပြီမို့လား
မောင်က လိမ္မာပါတယ် အခု ရက်ပိုင်း ​      ခေတ်  အလုပ်​တွေ တအားများ​နေလို့ 

📞ဒါဆို ​မောင်က အလုပ်မရှိတဲ့လူလား
ဘယ်သူက အလုပ်​တွေ ​လောဘတတ်ပြီး မနိုင်ဝန်ထမ်း​နေတာလည်း  မောင့်ချစ်သူဆိုတာ ​မေ့သွားရ​အောင်ကို အလုပ်ရှုပ်​နေတယ်​ပေါ့ ရပါတယ် ​ခင်ဗျား အားမှပဲဖုန်း​ခေါ်​တော့"

Forever Together  (Completed)Where stories live. Discover now