အခန်း ၁၆၆ (ဟုန်းဟုန်းတောက်ကျော်ကြားခြင်း)

2.9K 373 2
                                    

[Zawgyi]


အိမ်မွေးတိရစ္ဆာန် ရှိသူတိုင်း သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကောင်းကောင်းဆက်ဆံမည် ဖြစ်သည်။ ယွီရှောင်လျန်က ဖရဲသီးခွံတွေ အားလုံးကိုစုပြီး သူမမောင်လေးလို လိုက်လုပ်သည်။ သူမလည်း ဓားတစ်ချောင်းနဲ့ အခွံစိမ်းတွေကို ခွာပစ်ပြီး ကျန်နေတဲ့ ဖရဲခွံအပိုင်းတွေကို မီးခိုရောင်လေးကို ကျွေးလိုက်သည်။ ဒီမြည်းလေးက သူတို့အိမ်ကို ရောက်စကတည်းက နေ့တိုင်း အလုပ်တွေအများကြီး ကြိုးစားခဲ့သည်။ သူတို့တွေ ဆိပ်ကမ်းကို အသားနှပ်ရောင်းဖို့ သွားတာပဲဖြစ်ဖြစ် မြို့ထဲကဈေးကို ပစ္စည်းဝယ်ဖို့ သွားတာပဲဖြစ်ဖြစ် မြည်းလှည်းလေးရှိနေတော့ သူတို့ခြေထောက်တွေ ပင်ပန်းစရာ မလိုတော့တာပေါ့။ ဒါကြောင့်မို့ ရှောင်လျန်က မီးခိုးရောင်လေးကို သေချာဂရုစိုက်ပေးလေတယ်။

အခုလက်ရှိ မြည်းလေးက အရင်ပုံစံနဲ့ယှဉ်လိုက်ရင် လုံးဝပြောင်းလဲသွားတဲ့ အကောင်လေးလိုပဲ။ အရင်ကဆို မတ်တပ်မရပ်နိုင်အောင်ပင် ဖျားနာပြီး နံရိုးတွေမြင်ရတဲ့အထိ ပိန်လှီအားနည်းခဲ့တဲ့ မြည်းလေးက အခုလို ဝဖြိုးသန်မာတဲ့အကောင်လေး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အခုဆို သူ့အမွေးတွေကလည်း အရမ်းချောမွေ့ပြီး နူးညံ့နေပြီ။ မြည်းငယ်လေးက ကြည့်ကောင်းရုံသာမက ခွန်အားကလည်း အပြည့်ပင်။

သူတို့တွေ မြို့ထဲကို နောက်ဆုံးတစ်ခေါက်သွားတုန်းက ဟိုဘက်ရွာက ဦးလေးမာရဲ့မြည်းလှည်းနဲ့ အိမ်ပြန်လမ်းမှာ ဆုံခဲ့တယ်။ ဦးလေးမားရဲ့လှည်းပေါ်မှာ ဘာမှမပါပေမယ့် ယွီမိသားစုလှည်းမှာတော့ စားစရာတွေနဲ့ အိမ်သုံးပစ္စည်းတွေ အပြည့်တင်လာခဲ့တယ်။ ဝန်ထုပ်ချင်း သိသိသာသာ ကွာခြားတာတောင်မှ မီးခိုရောင်လေးက ဦးလေးမာရဲ့လှည်းကို ကျော်တက်ပြီး သူတို့ကို ဖုန်တွေနောက်မှာ ချန်ပစ်ခဲ့တယ်။ သူတို့တွေ အဲ့ဒီတုန်းက လှည်းဘီးတွေတောင် မလဲရသေးဘူး! အခုရက်တွေမှာတော့ မြို့ပေါ်သွားတဲ့ ရွာသားတွေအားလုံး ယွီမိသားစုမြည်းလှည်းပေါ်မှာ ထိုင်လိုက်ရတာကို ကြိုက်နှစ်သက်လာကြတယ်။ အဲ့ဒါဘာလို့ပါလိမ့်? အဖြေကတော့ ယွီမိသားစုမြည်းလှည်းမှာ ရာဘာဘီးတွေ ရှိလာလို့ပါပဲ! အဲ့တာတွေက လေထန်တဲ့ တောင်ပေါ်လမ်းတွေမှာ အပြေးခရီးနှင်နိုင်ရုံသာမက လှည်းကိုလည်း အရမ်းမခုန်စေပေ။ တကယ်လို့ ယွီမိသားစုသာ အလုပ်အကိုင်အဖြစ် မြို့ပေါ်သွားမယ့် ခရီးသည်တွေကို ပြေးဆွဲမယ်ဆိုရင် မာမိသားစုရဲ့ လှည်းဆွဲပြီး အသက်မွေးတဲ့လုပ်ငန်းက ကရြှုံးသှားတာ ကြာလောက်ပြီ!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now