အပိုင်း ၁၆၇ - (သမီးကိုကာကွယ်ခြင်း)

3K 370 8
                                    

[Zawgyi]


ယွီရှောင်ချောင်းရဲ့ အဝတ်သေတ္တာထဲမှာ အဝတ်တွေက အရမ်းများနေတာကြောင့် နောက်နှစ်အထိ တစ်နေ့တစ်စုံ နေ့တိုင်းထုတ်ဝတ်ရင်တောင် အများကြီး ကျန်နေလောက်သေးတယ်။ ဈေးသိပ်မကြီးတဲ့ အဆင်တန်ဆာလေးတွေ ထည့်ထားတဲ့ ရတနာသေတ္တာလေးကလည်း သေတ္တာနှုတ်ခမ်းသားမှာ လျှံကျလုမတတ် အပြည့်ဖြစ်နေတယ်။ တစ်ခါ ကျိုးရှန်းဟူ လာကစားတုန်းက ရှောင်ချောင်းသိမ်းဖို့ မေ့နေခဲ့တဲ့ အဲ့ဒီရတနာသေတ္တာကို တွေ့သွားခဲ့သေးတယ်။ သူမလေးခမျာ သေတ္တာကိုကြည့်ပြီး သွားရည်ကျလုနီးပါးပဲ။

ဒီပစ္စည်းတွေက သူမမွေးစားအဖေပေးထားတာမို့ ရှောင်ချောင်း ဘယ်သူ့ကိုမှ မပေးနိုင်ပေ။ ဒါပေမဲ့ တကယ်တမ်း သူမက ဆယ်နှစ်အရွယ် ကလေးမလေးစိတ် မဟုတ်တာမို့ အဲ့တာတွေ ဝတ်ရတာကိုတော့ မကြိုက်လေဘူး။ အဲ့ဒါကြောင့် သူ့ရဲ့ဆံထိုးတွေ၊ လက်ကောက်တွေ၊ နားကပ်တွေနဲ့ တခြားရတနာ ကွိစိကွစလေးတွေက ဘူးထဲမှာပဲ တပုံပုံနဲ့ ဖုန်တက်လို့နေတယ်။

တတိယသခင်လေးကျိုးက ဖန်းဇီကျန်းတစ်ယောက် ခြံဝင်းထဲကနေ ထွက်သွားတာကိုမြင်တော့မှ စိတ်သက်သာရာရသွားသည့်နှယ် သက်ပြင်းချလိုက်သည်။ သူက မီးဖိုချောင်းတံခါးဆီကို သုတ်သီးသုတ်ပျာသွားပြီး တစ်ခုခု ပြောမယ်ကြံကာရှိသေး ယွီရှောင်ချောင်းက သူ့ကို အလုပ်လုပ်ရန် စေခိုင်းလာတော့သည်။

" သွား! အနောက်ဘက်အခန်းရဲ့ အနွေးကုတင်ပေါ်က ရွှံ့အုပ်ထားတဲ့ဥတွေ သွားယူလာခဲ့... "

ကျိုးကျီရွှီက သူမအမိန့်ကို နာခံလိုက်ပြီး ဆေးဘဲဥခြောက်လုံး၊ ခုနစ်လုံးလောက် ယူပြီး ပြန်လာခဲ့လိုက်တယ်။ ဥတွေရဲ့ အရွယ်အစားကိုကြည့်ပြီး ဘယ်ဟာက ကြက်ဥလဲ ဘယ်ဟာက ဘဲဥလဲဆိုတာ ပြောနိုင်တယ်။ ဒါကြောင့် ရှောင်ချောင်းက သူ့ကို စူးခနဲ ကြည့်လိုက်ပြီးနောက် ဆူတော့တယ်။

"တုံးလိုက်တာ! ဆေးဘဲဥတွေက နှစ်မျိုးရှိတာလေ။  သွား... ပြန်ပြီး တစ်မျိုးစီကနေ ခြောက်လုံးစီယူခဲ့ "

" ရွှံ့အုပ်ထားတဲ့ဥတွေ ယူခဲ့လို့ပဲ မင်းပြောလိုက်တာလေ ဘယ်လိုဥဆိုတာမှ မပြောလိုက်ဘဲ... "
ကျိုးကျီရွှီက မတရားခံရတယ်လို့ ခံစားရတာမို့ ပြန်အထွန့်တက်လိုက်တယ်။ ဒါပေမဲ့ သူ ရှောင်ချောင်းယူခိုင်းတဲ့ ဥတွေကို ထပ်သွားမယူဘဲတော့ မနေရဲပေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now