INTRO

10.8K 421 10
                                    

ကြီးမားကျယ်ပြန့်သော မြက်ခင်းစိမ်းများအား ဖြတ်တိုက်လာသော လေညင်းများကို မနှစ်သက်စွာ ခံယူရင်း Taehyung လက်ထဲတွင် ကိုင်ထားသော ဝိုင်ခွက်အား ပစ်ပေါက်လိုက်၏။
ပြန့်ကြဲသွားသော ဝိုင်ခွက် အပိုင်းအစများနှင့် အနီရောင် အရည်များကား ကြမ်းပြင်ပေါ်တွင် ဆေးအရောင်ချယ်ထားသလို လှပသည်ဟု ပြောရမည်လား စက်ဆုပ်ဖွယ်ကောင်းသည်ဟု ပြောရမည်လား.....
တစ်ခါတစ်လေကျ အရာအားလုံးအား သူမုန်းပါသည်....
သတ်ပစ်ချင်မိသည်အထိ.....





" သခင်လေး ဥက္ကဌ Jeon ရောက်နေပါတယ်..... "
" အင်းမ် ဆင်းလာခဲ့မယ် ပြောလိုက်.... "
" ဟုကဲ့..... "





အိမ်တော်ထိန်း အဒေါ်ကြီးအား ပြောပီးနောက် ထိုင်ရာမှ ထကာ ပြန့်ကြဲနေသော အစိတ်အပိုင်းများအား ကျော်လွှားရင်း ထွက်လာခဲ့သည်....
မျက်နှာထားကား နူးညံ့မှုမရှိဘဲ ပကတိတည်ငြိမ်လျက်......





အောက်ထပ်သို့ ဆင်းလာသော သူအား တစ်ချက်ကြည့်ရင်း ဥက္ကဌ Jeon စောင့်နေမိသည်.....
အနားသို့ရောက်လာသော သူ.....





" ဪ ဥက္ကဌကြီးကိုယ်တိုင် လာတယ်ဆိုတော့ ဘာကိစ္စရှိလို့များ..... "
" အင်းမ် သားလေးကို ပြောစရာရှိလို့..... "
" ဟုကဲ့..... "





ဩရှရှအသံနှင့်အတူ အနားရှိ ထိုင်ခုံတွင် ‌ခြေတစ်ဖက်ချိတ်ကာ ၀င်ထိုင်သောသူ.....
ပုံစံက လူကြီးအား မထီမဲ့မြင်ပြုသည့်ပုံပေါက်နေပေမယ့် ဥက္ကဌ Jeon မပြောရဲ.....
ခု လာရင်းကိစ္စကလည်း အကူအညီတောင်းရမည်မို့ လိုရင်းကိုသာပြောဖို့ ရည်ရွယ်ထားသည်.....
သူမွေးစားထားသည့် သားပေမယ့် ငယ်စဉ်ကတည်းက အရိုင်းဆန်ကာ စိတ္တဇ ဆန်သည်မို့ ပြောသင့်မပြောသင့် ဝေခွဲရခက်နေသည်.....






" ပြောလေ ဥက္ကဌကြီး ကျွန်တော် ပီးရင် သွားစရာရှိသေးတယ်.... "





တည်ငြိမ်စွာ ပြောလာသော စကားသံကြောင့် အတွေးများက ပစ္စုပ္ပာန်ဆီ ပြန်ရောက်လာသည်....
သူသတိထားမိတော့ သူ့အား စိုက်ကြည့်နေသော သူတစ်ဦး.....
အကြည့်များက စူးရှနေပီး ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေသလို.....
နောက်တော့ မပြော‌မနေရ စကားအရ တံတွေးမြိုချကာ စကားစရသည်.....





VICTORIA[ COMPLETED ]Where stories live. Discover now