Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်

2.7K 619 20
                                    

Unicode

အခန်း(၃၄၄) - အလောင်းရုပ်သေး၏ ဝိညာဉ်

ယန်ထျန်းဟန်က လင်းချီကုအား ငေးကြည့်လိုက်သည်။

"အဲ့ဒီအကြောင်းက တစ္စေမျက်နှာဖုံးကို မေးဖို့မလိုအပ်ဘူး, 'အင်ပါယာအလောင်းနည်းပညာ' ထဲမှာ ပြောထားတာတော့ ကျွန်တော်သာ အလောင်းရုပ်သေးကို အတိုင်းအတာတစ်ခုအထိ သန့်စင်ပြီးသွားပြီ ဆိုရင် သူတို့ခန္တာကိုယ်ထဲမှာ နေထိုင်ဖို့ သင့်တော်တဲ့ ဝိညာဉ်ကို သူတို့ဘာသာ ရှာဖွေနိုင်ပြီတဲ့, သူတို့မှာ ဝိညာဉ်ရှိလာပြီ ဆိုတာနဲ့ အလောင်းရုပ်သေးက စကားပြောနိုင်လာပြီး သာမာန်လူတစ်ယောက်နဲ့ ဘာမှ ကွာမှာ မဟုတ်တော့ဘူး"

သို့သော်လည်း လင်ရွှမ်းဇီက အဓိကအချက်ကို အလျင်အမြန် ဆုပ်ကိုင်နိုင်သွားသည်။ သူက မျက်မှောင်ဖွဖွ ကြုတ်မိသွားလေသည်။

"ဒါပေမဲ့ အဲ့ဒီလိုဆိုရင် လင်းချီကုက ဘယ်တော့မှ လင်းချီကု ပြန်မဖြစ်နိုင်တော့ဘူးပေါ့"

ယန်ထျန်းဟန်က ခေါင်းညိတ်သည်။

"အမှန်ပဲ, ဒါပေမဲ့ အကယ်၍ အားကုသာ သူနဲ့သင့်တော်တဲ့ ဝိညာဉ်ကို ရှာဖွေနိုင်ပြီး သူတကယ်လည်း လိုချင်တယ် ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို တားဆီးရမလား ဒါမှမဟုတ် ချီးကျူးဂုဏ်ပြုပေးရမလား မသိတော့ဘူး"

လင်ရွှမ်းဇီနဲ့ လင်းချီကုရဲ့ အနက်ရောင် မျက်စံတစ်စုံက ခဏတာလောက်ထိ အချင်းချင်း စိုက်ကြည့်မိကြလေသည်။

"မောက်မောက်က အားကုအပေါ်မှာ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်ချို့ ရှိနေပုံပဲ"

ယန်ထျန်းဟန်ရဲ့ အမူအယာက အနည်းငယ် အံ့အားသင့်သွားပုံပေါ်သည်။

"ဘယ်လိုပုံမှန်မဟုတ်တာလဲ?" ယန်ထျန်းဟန်က ထိုသို့သော ကိစ္စမျိုးမှာ အမြဲတမ်း အနည်းငယ် နှေးကွေးသည်။

"မင်းနဲ့ငါလိုမျိုး" လင်ရွှမ်းဇီက ပြန်ဖြေ၏။.

ယန်ထျန်းဟန်က အံ့အားသင့်စွာပင် ရပ်တန့်သွားရလေသည်။ ဖုန်ကျင်းယွီက လင်းချီကုကို သူ့နှလုံးသားထဲမှာ အမှန်တကယ် သဘောကျနေမယ်လို့ သူမထင်ထားမိဘူးလေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now