Chapter - 14 (Part 1)

611 119 2
                                    

Unicode

(T/N - Season 2 စတင်ပါပြီ ~ ဒီ 'season' က ပင်မဇာတ်အိမ်တည်ထားခြင်းမရှိဘဲ ဘဝရဲ့အပိုင်းအခြား​တွေ ပိုမိုပါဝင်လာမှာဆိုပေမယ့် တကယ်တမ်းက​တော့ သူတို့ရဲ့နေ့စဉ်ဘဝအ​ကြောင်းတွေပဲဖြစ်ပါတယ်။ Update ​တော်​တော်​လေး ​နောက်ကျသွားတဲ့အတွက်လည်း တကယ်ကို sorry ပါ​လို့, ဒီ translator ​တော်​တော်​လေး စိတ်​လေ​​နေလို့ပါ😅✌)

တစ်ခါတုန်းက ​ကျောင်းကုန်းဇီနဲ့ငါ အချိန်မတန်ခင် ခိုးပြေးဖို့ ကြိုးစားခဲ့ကြပေမယ့် ကံမကောင်းစွာနဲ့ပဲ မအောင်မြင်ခဲ့ဘူး။ အဲဒီ့နောက်ပိုင်းလည်း သူနဲ့ငါ ခိုး​ပြေးဖို့ကို အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမယ့် အလားတူပဲ မအောင်မြင်ခဲ့ပြန်ဘူး။ အ​ကြောင်းပြချက်က​ ကြိုးပမ်းမှု​တွေ ရင့်ကျက်ခြင်း, မရင့်ကျက်ခြင်းဆိုတဲ့အ​ပေါ်မှာ မမှီခို​နေဘူးဆို​ပေမယ့် ထည့်သွင်းစဉ်းစားဖို့အတွက် ပိုမို​လေးနက်တဲ့တစ်စုံတစ်ခုလိုအပ်​နေတယ်လို့ ငါ ယူဆမိတယ်။ အကြိမ်တိုင်းမှာ ငါက အရင်ဆုံး အလုပ်က​နေ မနှုတ်ထွက်သင့်တာဖြစ်နိုင်သလို အကြိမ်တိုင်းမှာ သူက ဥရောပဘဏ်ကနေ ပိုက်ဆံ​တွေ အမြောက်အများ မထုတ်ယူသင့်တာလည်း ဖြစ်နိူင်တယ်။ ဒါမှမဟုတ် သခင်ကြီး​ကျောင်းစီက ငါ့ရဲ့အလုပ်ခွင်နဲ့ ​ကျောင်းကုန်းဇီရဲ့ပိုက်ဆံ​တွေထိန်းသိမ်းထားတဲ့​နေရာကို အနီးကပ်စောင့်ကြည့်မနေသင့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သခင်ကြီး​ကျောင်းစီကို သက်သာစေဖို့အတွက် ​ကျောင်းကုန်းဇီနဲ့ငါ့မှာ ရွေးချယ်စရာမရှိ​ပေမယ့် အခုအချိန်မှာ​တော့ ငါတို့ရဲ့ကြိုးစားမှု​တွေကို ရပ်တန့်ပြီး ငါတို့အတွက် အခွင့်အရေးကို စိတ်ရှည်စွာနဲ့ပဲ စောင့်ဆိုင်းနေလိုက်တယ်။

ငါတို့ ​နောက်ထပ်ထွက်ပြေးဖို့ကြိုးစားခြင်းရဲ့အောင်မြင်မှုအတွက် ​ငါ ကျောင်းကုန်းဇီကို ပြောပြလိုက်တယ်, "ငါ အလုပ်က မထွက်​တော့ဘူး, မင်းလည်း ပိုက်ဆံ​တွေ ထပ်မထုတ်သင့်တော့ဘူး, ငါတို့ သခင်ကြီး​ကျောင်းစီရဲ့အာရုံကို သွားယူလို့မရဘူး"

​ကျောင်းကုန်းဇီက သတင်းစာကို စိုက်ကြည့်ပြီး ​ပြောတယ်, "အိုး"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now