Chapter - 39 (U+Z)

11.7K 2.1K 66
                                    

//Unicode//

အခန်း ၃၉ - [နှလုံးသားနှင့် ကွဲပြားစွာ ပြောဆိုခြင်း]

စုလင်း လူတိုင်းရဲ့ တုံ့ပြန်ပုံကို မြင်ပြီး ရယ်ချင်သွားသည်။

သူ့နတ်ဘုရားကို သူကြိုက်တယ်​လေ အဲ့ဒါကို ဘယ်လိုလုပ် ဒီ​လောက် ​ရှော့​ခ်​တွေရကုန်တာတုန်း ?

ဖြစ်နိုင်သည်က သူ့နတ်ဘုရားရဲ့ ​လေးနက်​သော ပုံရိပ်က လူတိုင်း စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပုံရသည်။ စုလင်း နှုတ်ခမ်း​ထောင့်စွန်း​လေးများ ​ကော့တက်သွားပြီး သူ့အကြည့်​တွေက ကုဟီဟန်နဲ့ ဆုံသွားသည်။

သူ့နတ်ဘုရားက အခုဆို သူ ​ရှောင်းရွိ​အ​ပေါ် ​ခံစားချက် ထပ်ရှိ​နေ​သေးတယ်လို့ သံသယ မဝင်​လောက်​တော့ဘူးမလား?

ကုလီဟန်နဲ့ စုလင်း တစ်​ယောက်ကိုတစ်​ယောက် ၂စက္ကန့်မျှ စိုက်ကြည့်​နေခဲ့ပြီး ကုလီဟန်က အကြည့် လွှဲသွားသည်။ Susceptible ကာလအတွင်းတွင် သူ့စိတ်ခံစားမှုက အလွန် ထိလွယ်ရှလွယ်ဖြစ်​နေသည်။ စုလင်းရဲ့စကား​တွေကြားလိုက်စဥ်က သူ ​ပျော်မိသွား​သော်လည်း သူ့ရဲ့ ဆင်ခြင်တုံတရားက သူ့ကို တင်းကျပ်စေသည်။ လူရှေ့သူရှေ့တွင် Alpha တစ်​ယောက်ကို ရဲရဲဝံ့ဝံ့ ဝန်ခံခြင်းက ​ကောင်ငယ်​လေးအတွက် မကောင်းပါ​ပေ။ စုလင်းကို ကြိုက်တဲ့သူ​ရှိရင် သူတို့က သူ့ကို ဝန်ခံရဲ​တော့မှာ မဟုတ်​ချေ။ ကုလီဟန် အ​နေဖြင့် စုလင်းက သူကလွဲပြီး အခြားသူ​တွေကို ဝန်ခံတာမျိုး လုံးဝ အလိုမရှိ​သော်လည်း သူ့အ​ခြေအ​နေသာ တိုးတက်မလာခဲ့ရင် ကောင်​ငယ်​လေးကို သူ လက်ခံ၍မရနိုင်​ပေ။ ကောင်ငယ်​လေးကို ထူးချွန်ထက်မြက်သည့် အ​ကောင်းဆုံးသူ​များကသာ ချစ်မြတ်နိုးဖို့ သူ​မျှော်လင့်ပါသည်။

ရှိသမျှလူအားလုံးကို တစ်ချက် ​​ဝေ့ကြည့်လိုက်ပြီး ကုလီဟန် နက်ရှိုင်းသည့် အသံအက်ရှရှနှင့် ​ပြောသည်။

"မင်းတို့အားလုံး အခု သူ​​ပြောခဲ့သမျှ ဘာမှ မကြားလိုက်ဘူး"

​လေလံပွဲ၏ ဝန်ထမ်းအားလုံး အလိုလိုပြန်​ဖြေမိလိုက်သည်။

"ဟုတ်ကဲ့"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now