အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။

4.8K 947 33
                                    

Unicode

အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။

[နှစ်သစ်ကူးအစီအစဉ် ကြည့်နေရတဲ့အချိန်တွေကို ပြန်လွမ်းဆွတ်မိတယ်...]

စုယန် နိုးလာသောအခါတွင် သူသည် နွေဦးသက်ဝင်ဥယျာဉ်၏ အခန်းထဲတွင် ရှိနေ၏။

သူ သတိမလစ်ခင်အချိန်တုန်းက ဂူထဲ၌သာ ရှိသေးသည်ကို မှတ်မိသည်။ သို့သော် အိပ်ရာမှ နိုးထလာသောအခါတွင် သူသည် ရင်းနှီးသော ပတ်ဝန်းကျင်နှင့် ပရိဘောဂပစ္စည်းများကို မြင်လိုက်ရလေသည်။ သူသာ ချက်ချင်း ပြန်မမှတ်မိပါက နောက်တစ်ကြိမ် ဝိညာဉ်ကူးပြောင်း သွားသည်ဟုပင် ထင်မိလိမ့်မည်ဖြစ်သည်။

တိလင်းသည် သူ့ကုတင်ဘေး၌ စောင့်နေခဲ့၏။ စုယန် နိုးလာသည်ကို မြင်သောအခါ သူမသည် သူ၏မယ်ရီဒန်ကို ချက်ချင်း စစ်ဆေးလိုက်သည်။

ခဏအကြာတွင် သူမသည် သက်ပြင်းတစ်ချက်ချကာ ဆို၏။

"မင်းက ရေခဲဝိညာဉ်ကို မွေးမြူနိုင်ခဲ့ပြီ။ အခု အချိန်ကစပြီး အအေးပိုင်းဆိုင်ရာ ကျင့်စဉ်တွေကို လေ့ကျင့်တဲ့အခါ အားထုတ်မှုထက်ဝက်နဲ့ ရလဒ်နှစ်ဆ ရလိမ့်မယ်။ ဒါပေမယ့် 'ရေခဲကိုးလွှာပွင့်လန်းခြင်း'ကို အောင်မြင်ပြီးရင် နောက်ထပ် အအေးပိုင်းကျင့်စဉ်တွေ ထပ်မလေ့ကျင့်ရတော့ဘူး။ မဟုတ်ရင် ရေခဲဝိညာဉ်က ပိုနက်ရှိုင်းလာပြီး မင်းရဲ့သက်တမ်းကို ထိခိုက်စေနိုင်တယ်"

စုယန်သည် ရေခဲဝိညာဉ်အသစ်နှင့် ၎င်း၏ အနက်အဓိပ္ပာယ်များကို ဂရုမစိုက်ဘဲ စိုးရိမ်တကြီး မေးလိုက်သည်။

"ကုဖေးတိ ဘယ်မှာလဲ?"

တိလင်းက ပြုံးလျက် ပြော၏။

"ရှစ်ဇွင်းက သူ့ကို ပုလဲစံအိမ်တော်မှာ ကိုယ်တိုင် ကိုယ်ကျ သင်ပေးနေတယ်။ အခုကိစ္စက အန္တရာယ် များပေမယ့် မင်းတို့အားလုံးမှာ ကိုယ့်ကံကြမ္မာကိုယ် ရှိပုံရတယ်။ မင်းတို့အတွက် ငါတကယ် ဝမ်းသာပါတယ်"

စုယန်သည် ရင်းနှီးသောနေရာ၏အမည်ကို ကြားလိုက်ရ သောအခါ ခဏတာ အံ့အားသင့်သွားသည်။ ခဏကြာတော့ သူက အံသြစွာ မေးလိုက်၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now