ep-26 (The end)

24.9K 734 39
                                    

🌺 ချိုမြိန်သော ဇနီးငယ်လေး 🌺 ( Daddy wife )
                     ( အပိုင်း-26 )

" သူဌေး"

ဂုဏ် အပြင်ရောက်တော့လှေကား
အဆင်လာတဲ့မိုက်ကယ်တို့နဲ့
ဆုံလေသည်။

"ဦးမြတ်ကျော်ရောမိုက်ကယ်"

"ကျွန်တော်တို့သွားတော့ ဦးမြတ်ကျော်
အသိစိတ်လွှတ်နေပြီ သူဌေး
ကျွန်တို့ကိုသေနတ်နဲ့ရမ်းပြစ်ပြီး
သူအရှိန်သူမထိန်းနိုင်ပဲဝရန်တာပေါ်က
ပြုတ်ကျလိုဆုံးပြီ သူဌေး"

ဂုဏ်သက်ပြင်းကိုအသာ
ချလိုက်သည်..
ဦးမြတ်ကျော်ကို မုန်းသော်လဲ
သူမရဲ့ဖခင်ဖြစ်နေတာကြောင့်
အ​​သေ သတ်ဖို့ထိတော့
ဂုဏ်မှာစိတ်ကူးမရှိပေ..
ဘယ်တတ်နိုင်မလဲ မကောင်းတဲ့လူကို
ဘုရားသခင်ကအပြစ်ဒဏ်ခက်တယ်လို့ပဲ
သတ်မှတ်ရတော့မှာပေါ့..

"ပုံဏ္ဍမီရောကရော မိုက်ကယ်"

"သူကိုတော့လုံးဝမတွေ့ဘူး သူဌေး"

ဂုဏ်အတန်ကြာစဥ်းစားပြီး
မိုက်ကယ်ကိုခေါင်းညိမ့်ပြလိုက်သည်
သူမ ထွက်ပြေးသွားပြီထင်တယ်
ဘေးပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရင်း

"ငါတို့ဒီကအမြန်ထွက်မယ်
မိုက်ကယ်... "

"ဟုတ်ကဲ့ သူဌေး"

ဂုဏ်ရင်ခွင်ထဲကမျက်နှာဖြူဖြူလေးကို
စိုက်ကြည့်ကာ ရင်ခွင်ထဲ တင်းနေအောင်
ပြန်ချီလိုက်ပြီး
အတ္တတွေဖုံးနေတဲ့ထိုအိမ်ကြီးထဲက
ထွက်လာခဲ့တော့သည်..

" မိုက်ကယ်ဖုန်းဆက်ကြည့်လိုက်"

"ဟုတ်ကဲ့သူဌေး "

ကားရှေ့ခန်းမှမိုက်ကယ်
အတန်ကြာစကားပြောပြီးမှ
ဖုန်းချကာဂုဏ်ဘက်လှည့်ရင်း

"အားလုံးအဆင်သင့်ဖြစ်နေပြီ သူဌေး"

"အင်..နေမထွက်ခင်ရောက်အောင်မောင်း
မိုက်ကယ်

"ဟုတ်ကဲ့

ဂုဏ် ရင်ခွင်ထဲက သူမလေးကို
ငုံ့ကြည့်ပြီးသူမဆံနွယ်နုနုလေးတွေကို
သပ်ပေးနေစဥ်..

"ဟင့်..အင်း..

တစ်ချက်လူးလွန့်လာပြီး
သူမလက်ကိုကိုင်ထားတဲ့
ဂုဏ်လက်တွေကိုဖိဆုပ်ကာ
ပြန်ညိမ်ကျသွားပြန်သည်
ကြည့်ရတာသူမအိမ်မက်ဆိုးတွေမက်နေပုံပင်
လူမဆန်တဲ့ သူမမိဘတွေကြောင့်
သူမ အရမ်းထိတ်လန့်သွားမှာ
အသေချာပင်...

Daddy wife(Completed)Where stories live. Discover now