99

6.8K 1.3K 56
                                    

Unicode

“လူငယ်လေး.. မင်းရဲ့တောင်းဆိုချက်ကို ပြောကြည့်.. လောဘကြီးလွန်းရင် မကောင်းဘူးနော်..!”

ရင်းဆုယဲ့က လျစ်လျူရှုနေတာကြောင့် ဝမ်ပထျန်လည်း စိတ်မရှည်ဖြစ်လာခဲ့တော့တယ်။ ထို့ကြောင့် ရင်းဆုယဲ့ကို စတင်ခြိမ်းခြောက်လာခဲ့တော့တယ်။ သူ့ရဲ့မသိစိတ်ထဲမှာ ရင်းဆုယဲ့ကို အလိုလောဘကြီးသူအဖြစ် သတ်မှတ်ပစ်လိုက်တယ်။

နည်းလမ်းအမှားပေးလာမှာစိုးလို့ ရင်းဆုယဲ့ကို ဖိအားမပေးချင်ပေမယ့် ရင်းဆုယဲ့သာ လိမ္မာပါးနပ်မှုမရှိဘူးဆိုရင်း ဖမ်းဆီးနှိပ်စက်ဖို့ ဝန်မလေးဘူး။ ဒါမှမဟုတ် မိစ္ဆာနည်းလမ်းသုံးပြီး သူ့ရဲ့စိတ်ဝိဉာဉ်ထဲမှာ တိုက်ခိုက်ရှာဖွေရလိမ့်မယ်။

“တောင်းဆိုချင်တာ မရှိဘူး..!”

ရင်းဆုယဲ့က ဝမ်ပထျန်ရဲ့ ကမ်းလှမ်းမှုကို အေးစက်စက် ငြင်းဆန်ပစ်လိုက်တယ်။ တော်ဝင်မြို့တော်ကို လူအများအပြား ရောက်လာပြီဖြစ်ကြောင်း အာရုံခံလိုက်မိတာကြောင့် ဝမ်ပထျန်နဲ့ အချိန်မဖြုန်းချင်တော့ဘူး။ ထိုမတိုင်ခင် ဝမ်ပထျန်ကို အချိန်ဆွဲနေခဲ့တာက မြို့တော်ကလူတွေ တော်ဝင်မြို့တော်ဂိတ်ရှေ့ ရောက်လာမယ့်အချိန်ကို စောင့်နေခဲ့တာပဲ။

ကိစ္စကြီးတစ်ခု လုပ်ဆောင်နိုင်ဖို့ဆိုရင် ပရိသတ်မရှိဘဲ သူ့ရဲ့ရည်ရွယ်ချက်က အောင်မြင်နိုင်မှာမဟုတ်ဘူး..!

ထို့ကြောင့် အစောပိုင်းက သူ့ရဲ့ဝိဉာဉ်စွမ်းအားကိုသုံးပြီး ဟစ်အော်ခဲ့တာဖြစ်တယ်။ ဝမ်ပထျန်ကို အပြင်ထွက်လာအောင် လုပ်နိုင်ခဲ့ရုံသာမက မြို့တော်တစ်ခုလုံးက လူတွေကိုလည်း တော်ဝင်မြို့တော်မှာ ပြဿနာဖြစ်နေကြောင်း သိစေခဲ့တယ်။ တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းကလည်း အသက်ဝင်လာခဲ့တာကြောင့် မြို့တော်မှာရှိနေတဲ့ လူတွေလည်း ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်နေတာကို ရိပ်မိသွားကြပြီး စုံစမ်းစပ်စုကြရန် ရောက်လာကြတော့တယ်။

အမှန်တကယ်တော့ ရွှယ်ယို့ရှန်းက မိစ္ဆာဖြစ်နေကြောင်း ပေါ်ပေါက်သွားခဲ့ပြီးနောက် ကိစ္စအားလုံးကို ဖုံးကွယ်နိုင်ရန် မဖြစ်တော့ကြောင်း ရင်းဆုယဲ့ သိလိုက်တယ်။ ဖုံးကွယ်လို့မရတော့တဲ့ကိစ္စကို အလုံးစုံဖော်ထုတ်ပစ်လိုက်တာ ပိုကောင်းတယ်။ လူအများရဲ့မျက်စိရှေ့မှာ ရှိနေတာက ရွှယ်ယို့ရှန်းကို မမြင်နိုင်တဲ့ အန္တရာယ်တွေကနေ ဖယ်ရှားပေးနိုင်ရုံတင်မကဘူး၊ သူတို့နှစ်ယောက်ကို လုပ်ကြံချင်နေတဲ့ လူတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားလိမ့်မယ်။ ထို့ကြောင့် ရင်းဆုယဲ့က လူအများရောက်လာမယ့်အချိန်အထိ ဝမ်ပထျန်ကို အချိန်ဆွဲထားခဲ့တာ ဖြစ်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now