Chapter (7.2)

5.5K 809 14
                                    

[Unicode] (7.2)

" ဒါဆိုလည်း သူ့ကို လျစ်လျူ ရှုထား လိုက်လေ ''

ရှုပေါ်စုက သူ့လက်ကိုမြောက်ကာ ခဏလောက် တုံ့ဆိုင်း သွားပြီးမှ ကျန်းရှုရဲ့ နောက်ကျောလေးကို ပုတ်ပေးလိုက်တယ်။

" ဟင့်အင်း ။ သူက ကျွန်တော့်ကို ထောက်ပံ့ပေး တာကိုပဲ လိုချင်တယ်။

ကျန်းရှုရဲ့ စကားတွေ ကြောင့် ရှုပေါ်စု တော်တော်လေး အံ့သြ သွားလေတယ်။

".......''

" ဘာတွေ ဖြစ်တာလဲ ဆိုတာ မင်းကိုယ့်ကို ရှင်းရှင်း လင်းလင်း ပြောပြ ပေးလို့ရမလား? "

သူတွေးနေသလို မဖြစ်ပါစေနဲ့လို့ ရှုပေါ်စု ကြိတ်ပြီး ဆုတောင်းမိတယ်။

( ဘရားသားက ကွာရှင်းခံရမှာလွှတ်ကြောက်နာ)

" ဒီမှာ ဘာမှပြောစရာ မရှိဘူး။ ''

ကျန်းရှုဟာ ကျန်းချုနမ် ပြောတာကို မှန်တယ်လို့ ခံစားရလေတယ်။

" သူက အခုမိသားစု ရှိနေပြီလေ။ ပြီးတော့ ကျွန်တော်က အနာဂတ်မှာ သူ့ပိုက်ဆံတွေကို သုံးလို့မရတော့ဘူး။ ''

ထိုစကားတွေက ရှုပေါ်စုကို အတော်လေး ကြောက်လန့်သွားစေတယ်။

" ဒါနဲ့ ခများမှာ အမြတ်ရမယ့် ပရောဂျက်တွေ ရှိသလား? "

ကျန်းရှုက ရှုပေါ်စု ဘက်လှည့်ကာ မေးလိုက်တယ် ။

" ပရောဂျက်တွေက ငွေတွေရအောင် လုပ်ပေး နိုင်တယ်လို့ ပြောကြတယ် ဟုတ်လား? "

ခေါင်းစီးပြောင်းတာ မြန်လွန်း တာကြောင့် ရှုပေါ်စု ခမျာ လုံးဝကို လိုက်မမှီလု နီးပါးပဲ။

" မင်းသုံးဖို့ ငွေအလောတကြီး လိုနေလို့လား?  ဘယ်လောက် လိုတာလဲ? "

ကျန်းရှုက စဥ်းစား နေလေတယ်။

" အခုက ဘာဖြစ်တာလဲ ကွာ ။ အဲ့လူကကော ဘယ်သူလဲဟင်? "

ရှုပေါ်စုက ထပ်မေးတယ်။

" သူက မင်းအပေါ် ထူးဆန်းတာတွေ လုပ်နေတာလား? "

" ဟမ်? ဟင့်အင်း  "

ကျန်းရှုက တခဏလောက် ကြောင်အ သွားပြီးမှ မဟုတ်က ဟုတ်ကတွေ တွေးနေတဲ့ ရှုပေါ်စုရဲ့ ခေါင်းကို ရိုက်ပစ်ချင်စိတ်တွေ ပေါ်လာတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now