စာစဉ် ၇၀ (၁၉-၂၆)
2K 285 8
Book.              :  70
Chapter.          :  19 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၀၊ အခန်း ၁၉။ ဘယ်သူ့ ကို လမ်းဘေးခွေးတွေလို့ ခေါ်နေတာလဲ
“ဟော .. အင်မော်တယ်ခေတ်က ရီပိုင် ပါလား”
ဖိုင်တွေ ကိုင်ထားသော မိန်းမတစ်ယောက်သည် သူတို့အနောက်ကနေ ပေါ်လာပြီး ရီဝမ်ဝမ်ကို ကြည့်ကာ အပြုံးလေးဖြင့် မေးလေသည် ။
“မေ့တော့မလို့ တောင်းပန်ပါတယ် ။
ကျွန်မကိုယ်ကျွန်မ အရင် မိတ်ဆက်ပေးပါရစေ ။
ကျွန်မက ဖူမင်းရှီရဲ့ လက်ထောက်ပါ”
ထိုမိန်းမသည် ခုနစ်စင်ကြယ်တို့ ကြည့်နေတာကို မြင်ပြီး ဆက်ကာ ပြောသည် ။
“အစ်မ မေစီ .. ဒီလူတွေက ဒါရိုက်တာ ကျိုး ကို တွေ့ မယ်ချည်း လုပ်နေတယ် ။ စောနက ကျွန်တော်တို့ ဒါရိုက်တာ ကျိုး ရဲ့ အတွင်းရေးမှူးကို ဆက်ကြည့်တော့ ဒါရိုက်တာ ကျိုး မှာ ဒီနေ့ ချိန်းထားတာ ဘာမှ မရှိဘူးတဲ့”
မေစီ ဆိုသော မိန်းမက ရှုံ့ မဲ့လာသည် ။
“လမ်းဘေးခွေးတွေ ကြောင်တွေကို စတားအင်တာတိန်းမန့် ထဲ ၀င်ချင်သလို မ၀င်စေနဲ့ နားလည်လား”
ထိုဝန်ထမ်းများသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ကာ ပြန်ဖြေသည် ။
“နားလည်ပါပြီ .. အစ်မ မေစီ စိတ်ချ .. ကျွန်တော်တို့ ဒီထဲကို ယင်ကောင်တစ်ကောင်တောင်မှ ပေးမ၀င်ပါဘူး”
“ငါလခွမ်း .. မင်း ဘယ်သူ့ ကို လမ်းဘေးခွေးတွေလို့ ခေါ်နေတာလဲ”
ခုနစ်စင်ကြယ်သည် မျက်နှာကြီး မှုန်သုန်လာပြီး ထိုမိန်းမအား လက်ညှိုးထိုးလေပြီ ။
မေစီသည် ခုနစ်စင်ကြယ်ကို တစ်ချက်သာ ကြည့်လိုက်ကာ ရီဝမ်ဝမ်ဘက်ကို လှည့်လိုက်ပြီး …
“အဟက် .. ရီပိုင် .. နင်က ဘာမဟုတ်တဲ့ လူလေး နည်းနည်း ခေါ်လာတာနဲ့ ဒီလောကမှာ ပြန်ရပ်တည်နိုင်မယ်လို့ ထင်နေတာလား …
နင် အင်မော်တယ်ခေတ်ရဲ့ ရံပုံငွေတွေကို ခိုးပြီး ထွက်ပြေးသွားတယ်လို့ ကျားဝမ်က ငါ့ကို ပြောပါတယ် ။ ဘာလဲ အခု အဲ့ပိုက်ဆံတွေအကုန်လုံး သုံးလို့ ကုန်သွားပြီလား”