34 အဆက်

12.5K 915 111
                                    

ဘယ်လောက်တောင်မှ ရူးမိုက်ခဲ့သလဲ... ။

ထည်ဝါလင်းရှိန် က သူ့ကို ချစ်နေခဲ့တယ် ။ ထည်ဝါလင်းရှိန် က သူ့အတွက် အရာအားလုံးကြိုတင်ပြင်ဆင်ပေးလို့ အကွက်ကျကျ စီမံပေးခဲ့တယ်... ။ သူ့အတွက် ရည်ရွယ်ထားခဲ့တဲ့ ကုမ္ပဏီတစ်ခုကိုတောင် သူက အပိုင်သိမ်းတဲ့ လုပ်ကွက်တွေနဲ့ တသက်စာ စောင့်ထိန်းခဲ့တဲ့ ဂုဏ်သိက္ခာတွေကို ရစရာမရှိအောင် ဖျက်စီးမိခဲ့သေးတယ်.... ။

ဒါတောင် အားမရသေးလို့ ဘာတွေ ဆက်လုပ်ခဲ့ပြန်သလဲ... ။

ထည်ဝါလင်းရှိန် ရဲ့ ရုပ်အင်္ဂါကို ထိခိုက်စေချင်ရုံမကလို့ စိတ်ဓာတ်ကိုပါ ကုန်းကောက်စရာ မရှိအောင် ဖန်တီးလိုက်သေး... ။

တွေးလေ တွေးလေ... သူ့အပြစ်တွေက ရုပ်လုံးကြွလာလေပဲ... ။

အပြစ်ရှိသလို ခံစားချက်မျိုးကို ခံစားမိနေသလား သူ သေချာမသိဘူး ။ အခုခ်ျိန်မှာ ချိုချဉ်နံ့သင်းသင်း ကိုယ်သင်းနံ့လေးကို သိပ်လွမ်းသည် ။

တစ်ခါမှ စိတ်လိုလက်ရ မခေါ်ဆိုခဲ့ဖူးတဲ့ ဖုန်းနံပါတ်လေးကို သူ လှမ်းခေါ်လိုက်ချင်သည် ။
သူ့ လက်ညှိုးရှည်လေးက ဖုန်းခေါ်မည့် ခလုတ်လေးအား တို့ထိလိုက်ဖို့ ချီတုံချတုံ ဖြစ်လို့နေ၏... ။ တဖက်က ကိုင်ပါ့မလား ။ ကိုင်လိုက်ရင်ရော သူ ဘာဆက်ပြောရမလဲ... ။ မကိုင်ခဲ့ရင်ရော.... ။ ထည်ဝါလင်းရှိန် ဆီက လျစ်လျူရှုခြင်းတရားတွေကို ငယ်ငယ်က လူလိမ့်နေအောင် ခံစားဖူးလို့ ထပ်ပြီး သေးသေးလေးလောက် နာကျင်ရမှာကိုတောင် သိပ်ကြောက်တယ်... ။

တဖက်လူကို ဒဏ်ရာတွေပဲ ပေးနေခဲ့မိတဲ့ သူက ကိုယ်နာကျင်ရမဲ့ အလှည့်မှာတော့ သူ့အသားစတွေကို အသားခုတ်မဲ့အတုံးပေါ်တင်ခံထားရသလိုမျိုးပဲ... ။

ခေါ်သင့်သလား... ၊ ခဏလောက် လွှတ်ထားပေးလိုက်သင့်သလား... ၊ တသက်လုံးတော့ လက်လွှတ်ပေးဖို့ သူ့မှာ အစီအစဉ်မရှိချေ ။

မုန်းနေစဉ်ကလည်း ဒီလူက သူ့အပိုင်... ၊ အခုချိန်မှာ ချစ်နေသည်လို့တော့ မသုံးချင်သေး... ။
သူ ဒီလူနဲ့ အရင်လို ဘ၀လေးနဲ့ ပြန်နေချင်သည်။ သူ့ပိုင်ဆိုင်မှုကို ပြန်လိုချင်သည် ။ အချစ်နဲ့ ဆိုင်မဆိုင် သေချာစွာ နားမလည်သေးပါသော်လည်း ဒီလူ၏ နှလုံးသားနှင့်ခန္ဓာကိုယ် ကိုတော့ သူ့အပိုင်အဖြစ် တံဆိပ်ခတ်ပစ်ချင်နေသေးရဲ့.... ။

You are my husband (Season 1)Completed  Where stories live. Discover now