စာစဉ် ၇၁ (၇-၁၂)
1.9K 287 18
Book.              :  71
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၁၊ အခန်း ၇။  အစ်ကိုက တကယ်တော်တာပဲ
ဖူမင်းရှီသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှောင်ဟန်အား အားပြည့်မာန်ပြည့်ဖြင့် ထုရိုက်တော့လေပြီ ။
ရှောင်ဟန်သည် ဖူမင်းရှီနှင့် ရီဝမ်ဝမ်တို့ကို ကြည့်နေရင်း ရှုံ့ မဲ့နေ၏ ။ ဒီနေရာသည် သူ့ အိမ် ဖြစ်သည် ။
လူတိုင်းသည် သူ့ စိတ်အတိုင်း ဆောင်ရွက်ကြရမည် ။
ထိုထဲတွင် ဖူမင်းရှီသည်လည်း ချွင်းချက်မရှိပါချေ ။
ရုတ်တရက် အနားက ပြတင်းပေါက်တစ်ခုနားတွင်
တတောက်တောက် ခေါက်သံ ကို ကြားလိုက်ရ၏ ။
ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်တို့သည် အပြင်ဘက်က ပြတင်းပေါက်ကို မှီထားကြပြီး ခုနစ်စင်ကြယ်သည် ဖူမင်းရှီအား မဲ့ရွဲ့ ကာ ကြည့်နေလေသည် ။
“ပြောစမ်းပါဦး ဘရို .. ပြောတော့ သိပ်တော်သိပ်တတ်တယ်ဆို ။ အခုတော့ ကြည့်ပါဦး သူရဲဘောကြောင်လိုက်တာဆိုတာ ဒါနဲ့များ
အစ်မ အစ်ကို ရီ နောက်ကို လိုက်ချင်သေးတယ် .. ။ မြန်မြန်အိမ်ပြန် ဘိုးဘိုးဆီ သွားပြီးပဲ ချော့သိပ်ခိုင်းလိုက်ပါတော့လား”
ဖူမင်းရှီမှာ ဒေါသထောင်းခနဲ ဟုန်းတက်သွားပြီး ချက်ချင်း ခုနစ်စင်ကြယ်ကို စူးစူးရဲရဲ ကြည့်လိုက်မိ၏ ။
“ဘာပြောလိုက်တယ် ငါက ငကြောက် ဟုတ်လား”
“ဟုတ်တယ်လေ .. မင်းက ငကြောက် မဟုတ်လို့လား”
ခုနစ်စင်ကြယ်က ပြန်မဲ့၏ ။
“အင်း ငကြောက်လေး .. ဒုတိယအကြီးအကဲကသာ
သူ့ ဆီမှာ မင်းလို ငကြောက်လေး ရှိထားမှန်း သိသွားရင်
သူ စိတ်ဆိုးလွန်းလို့ သူ့ အုတ်ဂူအဖုံးကို ကန်ဖွင့်ပြီး ထွက်လာမလားဘဲ”
ကြယ်ခုနစ်နဲ့ ရီဝမ်ဝမ်မှာ အံ့သြသွားကြ၏ ။
ဒုတိယအကြီးအကဲက သူ့ အုတ်ဂူအဖုံးကို ကန်ဖွင့်ပြီး
ထွက်လာမှာလား ။