စာစဉ် ၇၁ (၁၉-၂၆)
2.7K 389 28
Book.              :  71
Chapter.          :  19 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၁၊ အခန်း ၁၉။  ကျေးဇူးမသိတတ်သူ
ရီဝမ်ဝမ်သည် ဘာခံစားချက်မှကို မပါသည့် မျက်ဝန်းတို့ဖြင့် ရီဟုန်းဝေအား အေးစက်စွာ ကြည့်နေသည် ။
“ညီမလေး .. ဘိုးဘိုးက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြောရတာလဲ”
ရီယီယီသည် မျက်မှောင်ကြီးကြုတ်ကာ ရီဝမ်ဝမ်အား ထမေးလေပြီ ။
ဒီမှာ ရှိနေကြသည့် အနုပညာရှင်များနှင့် သတင်းထောက် များစွာမှာ ရီဝမ်ဝမ်အကြောင်းကို သိနေကြသူများမို့ သူမသည် ရီဟုန်းဝေ၏မြေးမ ဖြစ်ပြီး ရီမိသားစုဝင် ဖြစ်ကြောင်းကို သိနေကြပါ၏ ။
“ဟုတ်သားပဲ ရီဝမ်ဝမ် ။ မင်းက စတားကော်ပိုရေးရှင်းရဲ့ ပိုင်ရှင် ဖြစ်ပြီးတော့ ရီမိသားစုဝင်လဲ ဖြစ်တယ်ဆိုမှတော့ တရားကျကျ ပြောရရင် စတားကော်ပိုရေးရှင်းက ရီမိသားစုအပိုင် လို့ ပြောလို့ ရနေပြီ ။ ဒါကို
ဘာလို့ ဘိုးဘိုးကို စိတ်ဆိုးအောင် တမင်ပြောနေရတာလဲ”
ဂူရွဲ့ ကျီသည်လည်း ၀င်ကာ ပြောလေပြီ ။
ကုန်ရွှီ၊ ကျန်းယန်ရန်နှင့် တခြားသူများအားလုံးမှာ ဒေါသထောင်းခနဲ ထွက်သွားကြ၏ ။
သူတို့သည် အရှက်မဲ့သူများကို မြင်ဖူးကြသော်လည်း ထိုမျှထိ ကမ်းကုန်အောင် အရှက်မဲ့သူများကိုတော့ မမြင်ဖူးကြပါချေ ။
သူတို့တွေ ဘယ်ကမျက်နှာနဲ့များ ဒီလို ပြောထွက်ရဲကြတာလဲ ။
ရီဝမ်ဝမ်က ပြုံးလိုက်ကာ …
“ရီ မိသားစုဝင်လား ။ ကျွန်မက ရီ မိသားစုဝင်ပါလို့ ဘယ်သူက ပြောလဲ”
“ရမ်းကားလိုက်တာ .. မင်းက ရီမိသားစုဝင် မဟုတ်ရင်တောင်မှ ရံပုံငွေတွေကို ပြန်သိမ်းလို့ မရဘူး ။ ငါတို့စာချုပ်ကို ဆက်ထားရမယ်ကွ”
ရီဟုန်းဝေမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်နေလေပြီ ။
“ဆရာကြီး ရီ ကျေးဇူးပြုပြီးတော့ စကားအပြောအဆို ဆင်ခြင်ပေးပါ ။ မဟုတ်လို့ကတော့ လုံခြုံရေးဝန်ထမ်းတွေကို ခေါ်ပြီးတော့ ကျွန်တော် ခင်ဗျားကို မောင်းထုတ်ခိုင်းရလိမ့်မယ်”