35

8.5K 635 88
                                    

ထည်ဝါလင်းရှိန် ဖယ်ခုံ၌ သောင်တင်နေပြီး နှစ်ရက်မျှ ကြာသောအခါ
ဘိန်းခင်းထဲသို့ တိုးဝင်ကာ ဘိန်းသီးများ၏ ကြီးထွားမှုနှုန်းကို လက်ဖြင့် တို့်ထိမိ၏ ။

ပုံရေး တို့ ဆွဲထား၍ တဲပေါ်မှ အောက်သို့ မဆင်းရသော နှစ်ရက်ကို အတိုးချကာ ဘိန်းပန်းလေးများကို လက်အပြည့်ဖြင့် ခူးယူလိုက်၏။
ပန်းဆီရောင် ဘိန်းပန်းလေးများကို သဘောတကျကြည့်ရင်း နားရွက်ကြားသို့ ထိုးထည့်ကာ ပန်ထားလိုက်သည် ။

" ဒီအတိုင်းဆို ကျွန်တော် သမီးလေးများ ရလာမလား...?  "

အနောက်မှ ထွက်ပေါ်လာသော အသံကြောင့်
ခြေလှမ်းတို့ ရပ်တန့်သွားသလို နှလုံးခုန်သံတို့ပါ ရပ်တန့်သွားသည်ဟု ထင်မိသည် ။ ၂၃နှစ်တိုင်တိုင် အသဲထဲထိ စွဲထင်နေသော အသံ... ၊ သူ့ဘ၀တစ်ခုလုံး ဇောက်ထိုးဖြစ်သွားအောင် လုပ်နိုင်စွမ်း အရှိဆုံး အသံ... ။ ဘယ်မေ့နိုင်ပါ့မလဲ.... ၂၃နှစ် ကြာ အလွတ်ကျက်မှတ်ခဲ့ရတဲ့ အသံကို ၂ရက်ဆိုတဲ့ အချိန်လေးနဲ့ ဘယ်လို ဖျက်စီး ပစ်လိုက်လို့  ရပါ့မလဲ... ။

" ကိုကို!  "

သူ တံတွေးတစ်ချက် မြိုချကာ တည်ငြိမ်ဟန်အသွင်လေးဖြင့် နောက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည် ။

ဒါပေမဲ့... ဘယ်လို စကားမျိုးနဲ့ စတင် ရမလဲ သူ မသိဘူး ။ အပြစ်ကင်းစင်ပုံ မျက်လုံးဝိုင်းလေးတို့်သည် ကြည့်နေရင်းဖြင့် တစ္ဆေတစ်ကောင်၏ မျက်ဆံဖြူများအဖြစ်သို့ ပြောင်းလဲသွားလေသလား.... ။ ကြောက်စရာကောင်းလွန်းလှသည် ။

" စိတ်ဆိုးနေတုန်းလား ကိုကို! "

ချက်ချင်းကို ခေါင်းခါပစ်လိုက်သည် ။ စိတ်ဆိုးတာမှမဟုတ်ဘဲ....

" ငါက မင်းကို အသဲထဲက နစ်နေအောင် နာတာ!  "

ဟုတ်တယ်... ။ စိတ်နာတယ် ။ ဒီလူသားကို သူ စိတ်နာတယ် ။ သူ ဘာတွေလုပ်ခဲ့ရလဲ?  ဒီလူသားအတွက်ဆို သူ့ဘ၀တစ်ခုလုံးကို လောင်းကြေးထပ် အရင်းအနှီးလုပ်ပြီး စတေးခဲ့ရတာ...

ဒါတွေ ခင်ဗျားကို လုပ်ခိုင်းခဲ့လို့လား?  လာမမေးနဲ့... ကျေးဇူးအတင်ခံချင်ခဲ့တာ မဟုတ်ဘူး... နည်းနည်းလောက်လေး အပြုံးလေးတစ်ချက်လောက်ပဲ လိုချင်ခဲ့ဖူးတာ... ။အနည်းဆုံးတော့ ငယ်ငယ်ကတည်းက ထားခဲ့ဖူးတဲ့သံယောဇဉ်လေးကြောင့်ပဲ ဖြစ်ဖြစ် ညှာတာထောက်ထားခဲ့သင့်တယ် လေ... ။

You are my husband (Season 1)Completed  Where stories live. Discover now