အခန်း (43)

4.4K 727 22
                                    

လိမ်လိမ်မာမာပြောစကားနားထောင်ပြီး ဒဏ်ရာကိုသေချာဂရုစိုက်ထားတာကြောင့် ရှဲ့ဟယ်ရဲ့ ခန္ဓာကိုယ်က အချိန်တိုအတွင်း သက်သာနေပါပြီ.....

[ရှဲ့ဟယ်:  ဒီကမ္ဘာပေါ်မှာ ကသာလျှင် အကောင်းဆုံးပါ.....]

[444: ........]

[ရှဲ့ဟယ်:  သူက သူ့သားလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးဖြစ်စေချင်လို့ ဂရုစိုက်ပေးနေတာ...ပြီးတော့ အသုံးဖြုန်းကြီးတဲ့သားလေးကို သွန်သင်ပေးဖို့ လူယုတ်မာကြီးလို ဟန်ဆောင်နေရသေးတယ်.... ကျစ်..ကျစ်.. ကျစ်... Daddyက မဟောင်ဘဲ ကိုက်တတ်တဲ့ လူမျိုး....Daddy ခင်မျာဒီ Mission ကြောင့် အခက်တွေ့နေရှာမှာ....]

[444: ........] ရွှေပေါင်ကြီးရဲ့စကားတွေကို သဘောမတူရင်တောင် ငြင်းလိုက်တော့မဖြစ်သေးဘူး....သည်းခံ...သည်းခံ....

[ရှဲ့ဟယ်:သူ့သားလေးရဲ့ ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝအတွက် Daddy က တကယ်ကို အကောင်းဆုံး လုပ်ဆောင်နေပါတယ်...]

[444: ........]

တန့်ကျင်းဝမ်းက ရှဲ့ဟယ်ရဲ့ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ခံနိူင်ရည်ရှိတဲ့အထိသက်သာပြီးလားဆိုတာ မစစ်ဆေးသေးခင်အထိ ရှဲ့ဟယ်တစ်ယောက် ကပ်ပါးကောင်တစ်ကောင်လို နေထိုင်ရတဲ့ဘဝမှာ ပျော်မွေ့နေခဲ့ပါတယ်....ရှဲ့ဟယ် သက်သာလောက်ပြီ ထင်တာနဲ့ တန့်ကျင်းဝမ်းရဲ့ အခန်းထဲကို အခေါ်ခံလိုင်ရတော့တာပါပဲ....

သူ့သားလေး နာကျင်မှာစိုးလို့ ဆန္ဒတွေကို ထိန်းချုပ်ထားတဲ့Daddy ကိုကြည့်ပြီး ရှဲ့ဟယ်တစ်ယောက် "Daddy က အရမ်းကြင်နာတတ်တာပဲ..."လို့တွေးနေမိတယ်....

သို့ပေမယ့်လဲ အပြင်ပန်းမှတော့ အရှက်ကွဲခြင်းကို အသံတိတ် သည်းခံနေရ အမူအရာမျိုးပဲ ထုတ်ပြထားတယ်...

တန့်ကျင်းဝမ်း သူ့ရှေ့ကကောင်လေးကို သေချာကြည့်နေတယ်...ဒီကောင်လေးကြောက်ရွံခြင်းတွေ အရှက်တရားတွေကို ဘယ်လောက်ပဲ လုံအောင်ဖုံးကွယ်နေပါစေ  မျက်ဝန်းလှလှလေးတွေထဲမှာ အတိုင်းသားမြင်နေရတယ် .........

ဒါဟာ ကောင်လေးအတွက်တော့ အင်မတန်ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတး်ခုဖြစ်နေမှန်း သိပေမယ့်လဲ ဒါတွေနဲ့ အသားကျဖို့ ဒီကောင်လေး သင်ယူရမှာပဲလေ.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now