Part(39)

5.5K 404 8
                                    

Unicode

ကျောက်ပြဿဒ်ဘုရားဟာ မိုးကုတ်မြို့ အနောက်ဘက် (၁၅)မိုင်အကွာ၌ရှိကာ မိုးကုတ်-သပိတ်ကျင်းလမ်းမှ သွားရခြင်းဖြစ်သည်။ပြဿဒ်ပုံသဏ္ဌာန် ကျောက်ဆောင်ကြီးပေါ်တွင် ဘုရားတည်ထားတာဖြစ်ပြီး အနီးနားရှိရွာအား ကျောက်ပြဿဒ်ရွာဟု ခေါ်တွင်ကြပါသည်။

"ဝူး..."

"ဝေါ..."

​ချောမွတ်သည့် လမ်းမကြောင့် ဆိုင်ကယ်ခရီးဖြင့် (၁၅)မိနစ်အကြာတွင် တောင်ခြေရင်းသို့ ရောက်ရှိလာခဲ့ကြသည်။အရှိန်အဟုန်အား လျှော့၍ ဆိုင်ကယ်သုံးစီးလုံး အပြိုင်ရပ်တန့်လိုက်ကြ၏။

"ငါတို့ ဒီကိုမရောက်တာ နှစ်ဆွေးနေပြီနော်"

"ငါတို့ကမှ တော်ပါသေးတယ် ဟိဏ်းရာ။နက်ကြီးဆို ဘယ်လောက်ကြာနေပြီလဲ"

"အေးကွ ဟုတ်သား"

အနဂ္ဂ ဒီကိုမရောက်တာ (၁၃)နှစ်ကျော် ကြာနေခဲ့ပြီ။မွေးရပ် မွေးမြေမှ အလှတရားတို့အား ပြန်ခံစားရသည့်အခါ ရင်မှာအေးချမ်းရသည်။ယနေ့က နှစ်ဆန်းတစ်ရက်ဖြစ်တာမို့ လူအလာများပုံရ၏။

"ထည်....မွေးနေ့မှာ ဘာလိုချင်လဲဟင်"

"​မွေးနေ့မှာ ခင်ဗျားကို လက်ဆောင်ရထားပြီပဲ​လေ။ပြီးတော့ ခင်ဗျားနှင့်အတူယူမယ့် ကုသိုလ်တရား...။ဘယ်အရာကများ ဒီထက်မြင့်​မြတ်ဦးမှာလဲ"

"အမယ်...နက်ကြီးတို့များ ဂျပန်သွားပြီး လှတောရွာကို ရောက်ခဲ့သလားကွာ"

"ဟ...နှလုံးသားမှာ အမြစ်တွယ်တဲ့ ဒဿနတွေ အချစ်နဲ့တွေ့မှ ပွင့်ထွက်လာတဲ့ သဘောပါ ငမြတ်ရာ၊ အခုမှ ကောက်ကာငင်ကာ စကားတတ်လာတာမျိုး မဟုတ်ပါဘူးဟ"

"သြော်....အေးပါကွာ"

ဆန်းမြတ်၏ ရွဲ့ချာချာ စကားကြောင့် ဘေးမှရှိနေသည့် သောကတော့ ပြုံးစစရယ်သည်။လက်ဗလာဖြစ်နေသည့် သုခကိုမြင်မှ အနဂ္ဂသတိရသည်။

"ကင်မရာယူခဲ့တယ်မလား သုခ"

"အဲတာမှ အေးရော...ဧည့်ခန်းစားပွဲမှာ ကျန်ထားခဲ့ပြီ"

"ကောင်းပါ့ကွာ။လယ်ထွန်သွား နွားမေ့၊အမြဲတမ်း အဲ့ဒီအတိုင်းပဲ"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now