Chapter 91

27.1K 3.8K 212
                                    

Unicode

ယန်းချင်းချီ : ခြိမ်းခြောက်ခံလိုက်ရတယ်? ငါက? မဖြစ်နိုင်တာ၊ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး
___________________________________

ယန်းချင်းချီပြုံးလိုက်ကာ စားဖို့သွားယူထားသည့် ပန်းသီးကို တစ်ကိုက်ကိုက်ပစ်လိုက်သည်။

''လီရှင်းရန် ငါ့မှာ အသက်ဝင်လှုပ်ရှားမှုမရှိတဲ့ ဓာတ်ပုံတွေပဲရှိတယ်လို့ထင်နေတာလား ငါ့ဆီမှာ GIF တွေရော Videoအတိုလေးတွေရော အကုန်ရှိတယ်နော် ''

လီရှင်းရန်ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကာ ဘာမှပြန်မပြောနိုင်သဖြင့် အံပဲကြိတ်ထားရသည်။

ယန်းချင်းချီ အေးစက်စွာ နှာခေါင်းရှုံ့ရင်း

''လီရှင်းရန် ပျော်ပျော်ရွှင်ရွှင်လမ်းခွဲကြတယ်ဆိုတဲ့စကားကိုကြားဖူးလား ငါတို့နှစ်ယောက်ကြားထဲမှာ တစ်ယောက်ကိုတစ်ယောက် ဘာခံစားချက်မှမရှိတော့ဘူး မင်းဖောက်ပြန်နေတာကို ငါမိသွားလို့ မင်းကိုရိုက်နှက်ဆုံးမလိုက်တယ် ငါ့ရှေ့ကိုထပ်မပေါ်လာနဲ့တော့လို့သတိပေးလိုက်တယ် ကျန်တာငါဘာလုပ်ဖူးလဲ ငါမင်းအပေါ်ဖို့ခဲ့တဲ့ပိုက်ဆံတွေ၊ ပေးခဲ့တဲ့လက်ဆောင်တွေ၊ အိမ်လခမပေးပဲ ငါ့အိမ်ပေါ်အကြာကြီးတက်နေခဲ့တာတွေ ငါပြန်တောင်းဖူးလား အခုကြည့် မင်းသာ ငါ့စကားနားထောင်ပြီး လိမ်လိမ်မာမာနဲ့ ငါ့ရှေ့ပေါ်မလာဘူး၊ ငါနဲ့ဝေးဝေးနေမယ်ဆိုရင် မင်းဖောက်ပြန်ထားတဲ့ကိစ္စတွေ၊ ဒီလိုVideoတွေက မင်းရယ်၊ငါရယ်၊မိုးနတ်မင်းကြီးရယ် ဒီသုံး​ယောက်ပဲသိမယ် ကိစ္စတွေဖြစ်သွားတာဖြင့်ဒီလောက်ကြာပြီ မင်းကိုနာမည်ဖျက်ချင်သပါ့ဆို ငါဒါတွေကို အွန်လိုင်းပေါ်တင်ပစ်လိုက်မယ် ဒါမှမဟုတ် ဒါတွေနဲ့အကြပ်ကိုင်ပြီးခြိမ်းခြောက်မယ် ငါလုပ်ခဲ့လား ငါတစ်ခုမှမလုပ်ခဲ့ဘူး အဲ့ဒါကိုကြည့်ရုံနဲ့တင် မင်းအတွက်အသက်ရှူပေါက်ချန်ပေးထားတယ်ဆိုတာကို ကောင်းကောင်းသိနိုင်တယ် ဒါပေမဲ့ မင်းက ငါ့ကိုမစောင့်နိုင်တော့လောက်အောင် ဆွဲချချင်နေတယ်ဆိုရင်တော့ ငါ့ဘက်ကလည်း ငါ့ထက်ပိုခံစားရအောင်လုပ်ဖို့ဝန်မလေးဘူး ဖြစ်လာမဲ့အကျိုးဆက်ကို ငါ့ထက်အရင်ခံစားသွားစေရမယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now