Episode-32

3.2K 324 60
                                    

♡Unicode version♡



Digital Groupကလက်ရှိဆောက်လက်စ hotelဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရှိ sideAဘက်ခြမ်းကို လက်တွေ့အနေနဲ့ရိပေါ် ရော နီနာ ပါ ညွှန်ကြားရေးပိုင်းကအမလီလီနဲ့အတူရောက်နေရတယ်။ရှေ့ကသင်ပြ ပြောပြနေသမျှကို စာအုပ်ထဲလိုက်မှတ်ရင်း တိုင်ထောင်တာတွေ အကွာအဝေး ပြင်ညီညှိတာတွေကအစ နှစ်ယောက်လုံးလက်တွေ့ဆင်းတယ်။

ပုံကြမ်းရေးဆွဲခြင်းနဲ့လက်တွေ့ဆောက်လုပ်ချက်တွေရဲ့ ကွာခြားပုံ သတိပြုရန်အချက်တွေကအစ တတွတ်တွတ်ပြောပြနေသည့်ညွှန်ကြားရေးပိုင်းမှအမလီလီက သိပ်ကိုစေ့စပ်ပြီးတော်လွန်းတယ်။ရိပေါ်နဲ့နီနာကိုလည်း ညှာတာသလို ခေါင်းဆောင်းကောင်းအရည်အချင်းတွေရှိတယ်။အောက်ခြေမှ တဆင့်ခြင်းတက်လာမှန်းသိသာစွာ အားလုံးကိုထောင့်စေ့အောင်သင်ပြပေးနိုင်တယ်။

"အမပြောတာတွေနားမလည်ရင်ချက်ချင်းပြန်မေးနော်...မသိလို့မေးတာ ဘာမှကြောက်နေစရာမလိုဘူး..."

"ဟုတ်ကဲ့ အမလီလီ!!..."

ပြောပြီးအလုပ်သမားခေါင်းဆောင်ရှိရာside Bဘက်ခြမ်းကို အမလီလီကခဏဆိုကာဆင်းသွားတာမို့ ရိပေါ်ရောနီနာပါ ဟိုဒီစူးစမ်းရင်းကျန်နေခဲ့လိုက်တယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုသည့်အတိုင်း သံဂဟေဆက်သံ လူသံ ဆူသံတွေနဲ့တရုန်းရုန်းပါပဲ။

လက်တွေ့ကိုနှဖူးတွေ့ဒူးတွေ့သင်ယူရတာမို့ နီနာကအနည်းငယ်ပင်ပမ်းသွားပုံရကာ သက်ပြင်းတွေမကြာခဏချနေတာမို့ ရိပေါ်မှာသဘောတကျရယ်လိုက်မိသေး။တက္ကသိုလ်ကစာတွေက လုံးဝအသုံးမဝင်တာမျိုးမဟုတ်ပေမဲ့ လက်တွေ့ကပဲ သင်ယူတတ်မြောက်နိုင်တယ်ဆိုတာ ရိပေါ်ရောနီနာပါကောင်းကောင်းသိလိုက်ပြီလေ။

"ရိပေါ် ငါအရမ်းညောင်းနေပြီဟာ...ရုံးကားထဲကပဲသွားထိုင်စောင့်တော့မယ်...နင်ရော လိုက်မှာလား..."

ခြေတွေလက်တွေကိုအညောင်းဆန့်ရင်းနီနာကငြီးငြီးညူညူပြောလာတာမို့ရိပေါ် ခေါင်းခါပြလိုက်တယ်။

"ဟအင်း!...နင်သွားနှင့်လေ ငါအမလီလီကိုစောင့်ရင်းနေခဲ့မယ်...နှစ်ယောက်လုံးပျောက်သွားရင် လိုက်ရှာနေဦးမယ်..."

LOVE ME,OK![Complete]Where stories live. Discover now