Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း

2.6K 623 6
                                    

Unicode

အခန်း(၃၄၅) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း

"ကျွန်တော့်ကို ဆရာက အတင်းအကြပ် လုပ်ခိုင်းလို့ရယ်" ယန်ထျန်းဟန်က သက်ပြင်းချသည်။

"သူက နေ့တိုင်းလိုလို အပြင်ထွက်နေပြီး အိမ်နဲ့တောင်ထိပ်ကို စောင့်ဖို့အတွက် ကျွန်တော်တစ်ယောက်တည်း ချန်ထားရစ်ခဲ့တယ်, အကယ်၍ ကျွန်တော်သာ လူတစ်ယောက် ဝင်နိုင်ထွက်နိုင်အောင် လုပ်ပေးတဲ့ အခင်းအကျင်းကို မလေ့လာထားဘူးဆိုရင် ဒီတောင်ပေါ်မှာပဲ မွမ်းကျပ်ပြီး သေရင်သေ မဟုတ်ရင် အခင်းအကျင်းအပြင် ထွက်လိုက်တာနဲ့ ဘယ်လိုမှ ပြန်ဝင်လာလို့ မရတော့မှာပဲ စိုးမိတယ်"

ယွမ်ထျန်းဝမ်က ခပ်လွင်လွင်လေး ရယ်မောလိုက်သည်။

"ကြည့်ရတာ တင်းကြပ်တဲ့ ဆရာက ထူးချွန်တဲ့ ကျောင်းသားတွေ မွေးထုတ်ပေးနိုင်တာပဲ, တစ်ခါတစ်လေမှာ ဖိအားတစ်ချို့ပေးဖို့ တကယ်ပဲ လိုအပ်ပုံပဲ"

ယန်ထျန်းဟန်, "..."

သူလုံးဝ ဖိအားတွေ မလိုချင်ပါဘူးနော်

ယွမ်ထျန်းဝမ်က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"ငါဒီနေ့လာခဲ့တာ အရေးကြီး ကိစ္စတစ်ချို့ကို ဆွေးနွေးချင်လို့"

လင်ရွှမ်းဇီက ခေါင်းညိတ်သည်။

"အကယ်၍ မင်းငါ့ကို အချိန်ပေးပြီး လာရှာတယ်ဆိုရင် သေချာပေါက် အရေးကြီးကိစ္စမို့လို့ပဲ ဖြစ်မှာ, မဟုတ်ရင် အခုချိန်မှာ ယွီယန်ကိုပဲ တွယ်ကပ်နေလိမ့်မယ်"

ယွမ်ထျန်းဝမ်က ပြုံးသည်။

"မတတ်နိုင်ဘူးလေ, ယွီယန်က ငါနဲ့ခွဲမသွားနိုင်အောင် ဘယ်သူကများ လုပ်ခိုင်းခဲ့လို့လဲ?"

ယန်ထျန်းဟန်မှာ သူအခု ယွမ်ထျန်းဝမ်ရဲ့ ကြွားဝါခြင်းကို ခံနေရသည်ဟု ခံစားလိုက်ရသည်။

ယွမ်ထျန်းဝမ်က အချိန်ဖြုန်းမနေပဲ အဓိကအချက်ကိုသာ တိုက်ရိုက် သွားလိုက်၏။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါ့ကိုအားဟန်လေလံတင်ခိုင်းတဲ့ ဆေးလုံးတွေ အကုန်လုံး ထွက်သွားပြီ, အဲ့ဒီ မာကျောတဲ့ခန္တာဆေးလုံးတွေ ပေါ်လာလာခြင်းပဲ လေလံဆွဲတဲ့သူတွေက စိတ်အားထက်သန်စွာနဲ့ လေလံပစ်သွားကြတယ်လေ, နောက်ပိုင်းမှာ လူတော်တော်များများက ငါ့ကို အဲ့ဒီဆေးလုံးတွေ ဘယ်ကရတာလဲ ဆိုပြီး အဆက်မပြတ် မေးလာကြလို့"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now