ဒီနေ့တော့ အစောကြီးထပီး အလုပ်တွေရှုပ်နေတဲ့ ဆရာသမားကို အ၀ေးကနေပဲစောင်ကြည့်နေလိုက်တယ် တခါတလေ ဒီလူကအလုပ်အရမ်းများတာလေ ကျတော်ကသာအိမ်မှာအေးအေးဆေးဆေး နေရပေမဲ့ သူကတော့ အမြဲအလုပ်ရှုပ်တတ်နေတတ်တဲ့သူပါပဲ
ဒီနေ့လဲ သူ့ Companyက တာ၀န်ရှိသူတွေက အိမ်မှာ meetingလာလုပ်နေတာကြောင့် ကျတော်တော့ တယောက်ထဲပျင်းနေရတော့မယ်ထင်ပါတယ် အနောက်တိုင်း၀တ်စုံကို သေသပ်စွာ၀တ်ပီး အလုပ်ပေါ်အာရုံစိုက်နေတဲ့ တည်ငြိမ်တဲ့ထိုလူရဲ့ပုံစံလေးက တကယ်ကြည့်ကောင်းနေတာပါပဲ
***" အဲ့တာဆို ကျတော်တို့အလုပ်ကိစ္စကိုဒီမှာပဲရပ်ကြတာပေါ့ မနက်ဖန်ကျရင် ဒီလအတွက်ငွေစာရင်းတွေကို ပြင်ဆင်ပေးထားပါ "
" ကောင်းပါပီ မောင်ရင် အဲ့တာဆို အန်ကယ်တို့ကို သွားခွင့်ပြုပါအုံး "
" ဟုတ်ကဲ့ပါဗျ "
ဧည့်သည်တွေပြန်သွားတာနဲ့ လှေကားပေါ်မှာ ငုတ်တုတ်လေးထိုင်ပီး မျက်နှာလေးငယ်နေတဲ့ကလေးကို ဟန်နရီလှမ်းကြည့်ကာ ပြုံးပြလိုက်သည် သူ့အပြုံးကိုမြင်လိုက်တာနဲ့ စိတ်ကောက်နေတဲ့ကလေးက နှုတ်ခမ်းလေးဆူကာ ဟန်နရီပေါင်ပေါ်ကို လာထိုင်လိုက်သည်
အကြည့်တွေကတော့ ဟန်နရီကို မျက်နှာလွှဲထားသည်" ကို့ကလေးလေးက ပျင်းနေတာပေါ့ "
" .... "
" ကိုအလုပ်တွေရှုပ်နေလို့ ပစ်ထားမိထားပါအချစ်ရယ် ကို့ကိုကြည့်ပါအုံး "
နှုတ်ခမ်းလေးဆူပီး သူ့လည်ပင်းကိုဖက်ထားတဲ့ကလေးကြောင့် ဟန်နရီပြုံးလိုက်ပီး ကပိုကရိုကျနေတဲ့ လွန်းရဲ့ဆံပင်လေးတွေကို သူ့လက်နဲ့လှန်တင်ပေးလိုက်သည်
"ကို့ကလေးလေးက နေ့ခင်းကို မအိပ်ရသေးတော့ အိပ်ချင်နေတာမှတ်လား"
" အင်း "
" အဲ့တာများ ဘာလို့ဒီလှေကားမှာ အကြာကြီးထိုင်နေရတာတုန်း "
" ..... "
" ကို့ကို စိတ်ကောက်နေတာလား "
" မကောက်ပါဘူး "
" ကြည့်ပါအုံး ပါးမှာခြင်ကိုက်သွားတယ်ထင်တယ် ပါးလေးတဖက်ကနီနေတယ် အဲ့တာကြောင့် အခန်းထဲမှာနေဖို့ပဲ ပြောနေရတာပေါ့ "