Part 8 (Uni+Zawgyi)

7.5K 322 8
                                    

Uni

ဒီ​နေ့ အဏ္ဏဝါ ပြည်လမ်း car show room မှာ ​​သောင်တင်​နေ၏။ မနက် စာရင်းစစ်စရာ ရှိတာ ကြောင့် ။ လာတာ​တော့ ခဏပဲ ဒါ​ပေမယ့် သံလိုက် လို တခုခုက ဆွဲထားသည်။

show room  မန်​နေ​ဂျာမှ

" အသစ်က​လေးသုံး​ယောက်ပါအကိုအဏ္ဏဝါ  marketing  အတွက် အသစ်ခန့်လိုက်တာပါ"

နာမည် နဲ့ လူ များကို တွဲဖက် မိတ်ဆက်​ပေးပြီး​နောက် " မြတ်တော်ဝင် " နာမည်​ကော လူ​ကော ​ခေါင်းထဲက ထုတ်မရ ။သွက်သွက်လက်လက် လေး ဘယ်လို ပုံစံ​လေးမှန်းလည်း မသိဘူး ။

"အဲ့ လူထူးဆန်း​​​လေးအ​ကြောင်းသိချင်​နေတာ တားမရ"

စကား​ပြောရန် အ​ကြောင်းရှာပြီ။

"ဂျာကြီး အသစ်​ရောက်လာတဲ့ မြတ်​တော်ဝင်ကို​ခေါ်​ပေးပါအုန်း "

"ဟုတ်ကဲ့ပါ အကို "

"မြတ်ကို​ခေါ်တယ်ဆိုလို့ပါဆရာ "

​"ဪ ဟုတ်တယ် ထိုင်ပါအုန်း ညီ​လေး "

"အကို ​ခေတ်ရဲ့ညီ​လေးဆိုတာ မြတ်​တော်ဝင်လား "

တကယ်​တော့ သိပြီးသားပါ။ ဂဏာမငြိမ်​သောနှလုံးသား​လေး အတွက် ​အ​ကြောင်းမရှိအ​ကြောင်းရှာတာ ။

"ဟုတ် ဆရာ မြတ်က အကို​ခေတ်တို့မိသားစုနဲ့​ဆွေမျိုး​တွေလို​နေတာ "

"ဆရာလို့မ​ခေါ်ပါနဲ့လား
ကိုယ်  တမျိုးကြီးဖြစ်​နေလို့ "

"ဟုတ်ကဲ့ပါ အကို"

"မြတ်​တော်ဝင် ကိုလည်း မြတ်လို့ပဲ​ခေါ်မယ်​​နော်  အကို​ခေတ် ညီ​လေးဆို​တော့ ကိုယ့်ညီ​လေးပဲ​လေး "

"ဟုတ်အကို ရပါတယ်ဗျ"

​ပြောစရာ စကားက မရှိ​တော့ဘူး ။ ဒီအ​ကောင်​ပေါက်​လေးကို ​တွေ့ကတည်း စကား​တွေ ပဲ တ​နေကုန် ထိုင်​ပြောချင်​နေမိ၏။ အကြည့်ခြင်းဆုံတိုင်း လည်း နှလုံးသားက ​တချက်ချက်နွေးသွားသည် ။ မြတ်​တော်ဝင် အ​တော်ချစ်ဖို့​ကောင်းသည် ။ သွက်လက်ချက်ရှာသည်။ စကားကိုလည်းပြုံးပြီး​ပြောတတ်၏။ ​ရယ်လိုက်ရင် သွား အစွယ် မှာ ရှိတဲ့ စိန်ပွင့်​လေးက အထင်သား ။

Forever Together  (Completed)Where stories live. Discover now