Chapter (10.2)

5.4K 727 1
                                    

[Unicode] (10.2)

ကျန်းရှုဟာ မြို့ဟောင်းကနေ မြို့သစ်ဆီိကို ပြန်လာလိုက် သွားလိုက် မလုပ်ချင်ခဲ့လေဘူး။ ဘာလို့လဲ ဆိုတော့ ဒီတစ်ပတ် လုံးမှာ စာမေးပွဲ တွေနဲ့ ပြည့်နေလို့ ပဲ ဖြစ်တယ်။ သွားလိုက် ပြန်လိုက်က သူ့ကို အရမ်းပင်ပန်း စေတယ်။ ဒါကြောင့် သူမနက် မသွားခင် ရှုပေါ်စု ကို ပြောခဲ့လေတယ်။

" ကျွန်တော် ကျောင်းမှာပဲ နေရလိမ့်မယ်။ နောက်ရက် အနည်းငယ် လောက်ကြာမှ စာမေးပွဲ တွေပြီးမှာ။ အဲ့ကျမှ ပြန်လာခဲ့မယ် ''

" ဒါဆို ဒီနေ့ည ပြန်မလာ တော့ဘူးပေါ့''

ထိုအချင်းအရာ ကို ကျန်းရှုအစောကြီး နိုးနေ ကတည်းက သူရ်ိပ်မိပါတယ်။ ရှုပေါ်စု ဟာ မနက်ခင်း အစောကြီးထကာ  မနက်စာ ထပြင်လေတယ်။ ပြီးတော့ သူတို့အတူအိပ်တဲ့ အိပ်ယာပေါ် ပြန်အိပ်မယ် လုပ်တော့ ကျန်းရှုက အစောကြီး လိုက်ထပြီးတော့ သူပြင်ပေးတဲ့ မနက်စာကို စားလေတယ်။

" ဟုတ်တယ် ''

ထမင်းချက် အန်တီကြီးချက်ပေး တာကလွဲရင် တစ်စုံတစ်ယောက် က သူ့အတွက် အထူးပြင်ဆင်ပေး ထားတဲ့ မနက် စာကို စားဘူးတာ အခုက ပထမဆုံးအကြိမ်ပဲ ဖြစ်လေတယ်။ သူ့အနေနဲ့ ထူးဆန်းတဲ့ ခံစားချက် တစ်ခု ကို ခံစားမိလေတယ်။

" ဒါဆိုလည်း ကိုယ့်ကို စောင့်အုံး။ ကိုယ်အဝတ် လဲလိုက် အုံးမယ်''

ရှုပေါ်စုက ပြောကာ သူ့ရဲ့ ဘောင်းဘီ ရှည်ကို ချွတ်ချ လိုက်တယ်။ ကျန်းရှုကတော့ လေချွန်ကာ အိပ်ခန်း တံခါးကို မှီရင်း သူ့ကိုစောင့် နေပေးလေတယ်။

ကျန်းရှု: ''ခများက ဘယ်ကို သွားမလို့လဲ? "

ရှုပေါ်စု:  '' အလုပ်ရှာမလို့လေ ''

ကျန်းရှု:  '' ဟမ်?''

" ကိုယ်က မင်းအတွက် အလုပ်တွေ ကြိုးကြိုးစားစား လုပ်ပေးပြီး ထောက်ပံ့ပေး လို့ရအောင် ငွေတွေ ရှာတော့မယ် လို့ မင်းကို မပြောခဲလို့လား? "

ရှုပေါ်စုက စတိုင်ပင် ဘောင်းဘီ ကိုဝတ်ကာ ကျန်းရှုကို မျက်တောင်လေး ခက်ကာ ပြောလိုက်တယ်။

" မင်းက ကိုယ်ပေးတဲ့ ငွေကိုကျတော့ ငြင်းပယ်ခဲ့တယ်လေ။ ဒါက ကိုယ်ပေးတာ နည်းလို့ဆိုတာပဲ မဟုတ် လား? "

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now