Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၉)
လွန်ခဲ့သောနှစ်(၃၀)က..
ကျယ်ဝန်းသောခြံကြီး၏ အနောက်စွန်းစွန်း၌ အနက်ရောင်သာအသုံးပြုထားသည့် သုံးထပ်စံအိမ်ကြီးသည် ထီးထီးမားမားတည်ရှိနေသည်။ ခြံ၏အရှေ့၌ ပြာလဲ့လဲ့ရေကန်ကြီးအပြင် ပိုးသားအခင်းတစ်ခုသဖွယ်ပေါက်ရောက်နေသောမြက်ပင်နုနုလေးတွေသည်လည်း ကားများဝင်ရာလမ်းမှအပခြံဝန်းတစ်ခုလုံး၌ စိမ်းစိမ်းစိုစိုပေါက်ရောက်နေသည်။
ထိုမြက်ခင်းနုနုလေး၌ အရွယ်မတိမ်းမယိမ်းရှိသည့် ကလေးနှစ်ယောက်သည် ပြေးလွှားကာဆော့နေကြသည်။
" ဟာ..မမကြီးပြန်လာပြီ.."
ထိုကလေးနှစ်ဦးထဲမှ ကောင်လေးသည် အိမ်ထဲသို့ဝင်လာသောကားလေးကိုကြည့်ပြီး မည်သူမှန်းသိစွာ အိမ်၏စင်ဝင်အောက်သို့ပြေးသွားသည်။
" ငယ်လေး..ငါ့ကိုစောင့်ပါအုံး.."
ကျန်နေခဲ့သည့် ကောင်မလေးက ပြေးသွားသည့်ကောင်လေးကိုလှမ်းအော်ပြီး အနောက်ကပြေးလိုက်ပါတော့သည်။ အနားရှိ bodyguardများသည် ရှေ့ရှိကလေးနှစ်ယောက်ကိုကြည့်ကာပြုံးနေကြသည်။
ဒီကလေးနှစ်ယောက်သည် ဒီဂိုဏ်း၏ဆက်ခံသူပြီးရင် သူတို့ကာကွယ်ရမည့်လူတွေမလား..။
" ဖြေးဖြေးလာကြပါ ငယ်လေးတို့ရယ် "
ကားပေါ်ကဆင်းလာသည့် အရပ်ရှည်ရှည်၊ခန္ဓာကိုယ်ကျစ်ကျစ်ရှိသည့် အမျိုးသမီးငယ်လေးသည် အနားရောက်လာသည့်ကလေးနှစ်ယောက်ကို စွေ့ခနဲကောက်မပြီးပြောလိုက်သည်။ ပုံမှန်အမျိုးသမီးတစ်ယောက်ဆိုရင်တော့ (၆)နှစ်အရွယ်ရှိသည့်အမြွှာနှစ်ယောက်ကိုတစ်ပြိုင်နက် မ ချင်မှ မ နိုင်လိမ့်မည်။ ဒီအမျိုးသမီးကတော့ ဖော့တုံးလေးတွေလိုအလွယ်တကူ မ နိုင်ပါသည်။
ဒီအမျိုးသမီးသည် တခြားသူမဟုတ် Maxiyo၏ဆက်ခံသူ Bella Maxiyoဖြစ်သည်။
" မမကြီး သားအတွက်မုန့်ပါလား.."
" ဟော..မမကြီးက လေ့ကျင့်ကွင်းကပြန်လာတာလေ ငယ်လေးရဲ့ ဘယ်လိုလုပ်မုန့်ပါမလဲ..ပြီးတော့ အိမ်မှာမုန့်တွေအစုံရှိတာကို..."

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...