Ch-6(Uni/Zg)

47.3K 3.6K 2K
                                    

မပြောမဆိုနဲ့ရောက်ချလာတဲ့လူကြောင့် ကျတော်တည်းနေတဲ့ အိမ်ကဦးလေးကိုအကူအညီတောင်းပီး သူ့ကိုပါနေခိုင်းဖို့ခွင့်တောင်းရတော့တာပေါ့ အိမ်လေးက တိုက်အိမ်တော့မဟုတ်ပေမဲ့ ပျဥ်ထောင်အိမ်သပ်သပ်ရပ်ရပ်လေးပါပဲ ရွာကလူတွေကလဲ သူ့ကိုသူဌေးသားဆိုပီး ချစ်ခင်ကြတဲ့ပုံပါပဲ

" လိမ်လိမ်မာမာနေရမယ်နော် မလိမ်မာရင်တော့ ပြန်လွှတ်မှာ "

" လိမ်မာနေတာပဲလေ "

" အဲ့တာဆို ဂျီမကျနဲ့ သူများနဲ့သင့်တင့်အောင်နေ "

" လောလောဆယ် ပန်ကာဖွင့်ပေး အရမ်းပူနေပီ "

စလာပါပီ သူများအိမ်ပေါ်မှာလဲနေသေးတယ် ပိုင်စိုးပိုင်နက်နဲ့ပန်ကာဖွင့်ပေးတဲ့ Airconမရှိဘူးဆိုပီးပြောထားတော့ ပန်ကာလိုက်ရှာနေတဲ့ပုံပါပဲ

" ဒီဦးလေးတို့အိမ်မှာ ပန်ကာမရှိဘူး "

" အဲ့တာဆို ပန်ကာရှိတဲ့အိမ်ကိုပြောင်းပေး "

" နေပါအုံး ခင်ဗျားကဒီရွာက သူကြီးမို့လို့ ဟိုပြောင်းပါဒီပြောင်းပါနဲ့ အမိန့်ပေးနေရတာလား "

" ကိုအရမ်းပူနေပီ "

" ပူမှာပေါ့ စတိုင်ထုတ်ပီး အထူကြီးတွေ၀တ်လာတာကို...အခုအဲ့အင်္ကျီတွေချွတ်ပီး စွပ်ကျယ်လေး၀တ်ထားလိိုက် "

" စွပ်ကျယ်မပါဘူး "

" ဟင် အဲ့တာဆိုဘာတွေထည့်လာတာလဲ "

" Hoodieတွေနဲ့ ဘောင်းဘီရှည်တွေပဲပါတယ် ဂျာကင်အင်္ကျီတွေလဲပါတယ် "

တကယ်ပါ ဒီလူတယောက်နဲ့ကျတော် ရူးချင်တာပါပဲ ရွာကိုလာတာ ဒါတွေယူလာစရာလိုလို့လား...အခုတော့ သူပဲဒုက္ခရောက်နေပီမှတ်လား

" အဲ့တာဆိုလဲ ဒီအိမ်က ဦးလေးဆီက စွပ်ကျယ်ငှားပေးမယ် အဲ့တာလေး၀တ်ထားလိုက် "

" အချစ်ကလဲ ကိုသူများအင်္ကျီတွေမ၀တ်ချင်ပါဘူး "

" အဲ့လိုရွံတတ်ပုံနဲ့ ဘာလို့များလိိုက်လာသေးလဲ? ခင်ဗျားကျတော့်ကို စိတ်တိုအောင်လုပ်နေတာလား "

ဆူလိုက်တော့ အလိုမကျသလိုနဲ့ ကျတော့်ကိုမျက်နှာလွှဲသွားတယ် တကယ်ပါ စိတ်ရှိလက်ရှိသာရိုက်ပစ်လိုက်ချင်တယ် ...

HANARY(S1+S2) Where stories live. Discover now