အခန်း (44)

4.3K 741 20
                                    

ဒီလိုပုံစံနဲ့ တစ်လလောက် အချိန်ကုန်သွားခဲ့ပြန်တယ်....နှစ်သက်မှု ရမှတ်တွေ ထပ်တိုးမလာတော့တာကြောင့် ရှဲ့ဟယ် အခုလိုနေရတာကို သဘောကျနေပေမယ့်လဲ နောက်ထပ်ခြေလှမ်းအသစ်တွေ ထပ်လှမ်းဖို့ ပြင်ဆင်ရုံကလွဲပြီး ရွေးစရာမရှိတော့ဘူး....

ရှဲ့ဟယ်က 444 နဲ့စကားပြောနေရင်းကနေ တန့်ကျင်းဝမ်းရဲ့ ရုံးခန်းထဲမှာ တပ်ထားတဲ့ စောင့်ကြည့်ရေး ကင်မရာကိုလဲ ကြည့်နေတယ်...

[ရှဲ့ဟယ်:  တန့်ကျင်းဝမ်းက လိင်စိတ်ဆန္ဒကြောင့် ကိုယ့်ကိုကိုယ် ကျရှုံးခံမယ့်လူမျိုးမဟုတ်ဘူး...]

[444:  သူ Host တာ့တာ့ကို  တစ်နေကုန် အဲ့တာ မလုပ်လို့လား? ]

[ရှဲ့ဟယ်:  အပေါ်ယံကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ဘေဘီရဲ့...]

[ရှဲ့ဟယ်: ငါရဲ့ လှပတဲ့ ခန္ဓာကိုယ်ကို တွေ့နေရတာတောင် နှစ်သက်မှု 78 ပဲပေးတယ်ဆိုတော့ ငါ့အလှတရားကို စော်ကားလိုက်တာပဲ....အနည်းဆုံးတော့ 85 မှတ်လောက်ဖြစ်သင့်တာပေါ့...နင်းချီတစ်ယောက်ပဲ normal လို့ပြောလို့ရတာ...ငါသာဆို အမှတ် 90 လောက် တစ်ခါတည်း ပစ်ပေးလိုက်ပြီ]

[ 444: .....Oh! !!!]ဒါဆို Host တာ့တာ့က သူ့ကိုယ်သူ normal မဟုတ်မှန်း အသိအမှတ်ပြုလိုက်ပြီပေါ့....

နှစ်ဉီးသားကြားမှာ ပဋိပက္ခတွေမရှိတော့တာကြောင့် ဆက်ဆံရေးပိုကောင်းလာတယ်....တန့်ကျင်းဝမ်းကလဲ သူ့အပေါ် ကောင်းကောင်းဆက်ဆံပေးရှာပါတယ်....သူကလေးမဟူတ်မှန်း သတိနေတာတောင် အရင်ကထက်ပိုပြီး ဂရုစိုက်ပေးလာတယ်လေ....ရှဲ့ဟယ် လိုချင်သမျှကိုလဲ အကုန်ဖြည့်ဆည်းပေးတယ်...အချိန်လိုပိုပေးလာတယ်...အများစုက အိပ်ယာထဲမှာ ဖြစ်နေတာကတော့ တစ်မျိုးပေါ့.....

ရှဲ့ဟယ်ဘက်ကလဲ ဒါတွေကို ကောင်းကောင်းလက်ခံခဲ့တယ်....ခန္ဓာကိုယ်ချင်း ထိတွေ့ပါများလာတော့ ခံစားချက်တွေလဲ တည်ငြိမ်လာတယ်....အရင်တုန်းကဆို တန့်ကျိုးက တန့်ကျင်းဝမ်းရဲ့ သားဖြစ်ခဲ့ပေမယ့် တစ်အိမ်ထဲမှာ အတူနေကြတဲ့ သူစိမ်းတွေလိုပဲ....အခုတော့ အရင်ကထက်စာရင် ပိုရင်းနှီးလာကြပြီ......

သို့သော်လဲ ဒါတွေလောက်နဲ့တော့ တန့်ကျင်းဝမ်း သူ့ကို ချစ်မိသွားဖို့ မလုံလောက်နိုင်ပေ..... သူ့အပေါ်ထားတဲ့ တန့်ကျင်းဝမ်းရဲ့ စေတနာတွေ မြင့်မားလာတဲ့အခါ သူတို့ကြားက ဆက်ဆံရေးကို ဆင်ခြင်သုံးသပ်ဖို့ အချိန်တန်လာခဲ့ပြီ.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now