Chapter 94

28.6K 3.8K 585
                                    

Unicode

နွေးထွေးတဲ့အခိုက်အတန့်လေး၊ ချန်ချီတို့ စကားဝိုင်း
___________________________________

ဖက်ထုပ်စားအပြီး အိပ်ယာဝင်လို့ရအောင် ယန်းချင်းချီက ချီချီ့ကိုရေချိုးပေးဖို့ ရေချိုးခန်းထဲခေါ်လာလိုက်သည်။

''ချီချီ ဒီတခေါက်ပါးပါးဆီလာလည်တာ သားနဲ့ဒယ်ဒီနဲ့ ဘယ်တော့ပြန်မယ်လုပ်ထားလဲ ''

''တနင်္ဂနွေနေ့ ညနေပိုင်း ''

သူ ကလေးနဲ့ မကြာခင်ထပ်ခွဲရဦးမှာကိုတွေးမိသွားတော့

''ချီချီ အိမ်ပြန်ရောက်ရင် ပါးပါးအကြောင်းတွေးဖို့မမေ့နဲ့နော် ''

''အွန်း အွန်း '' ချီချီကခေါင်းလေးငြိမ့်ရင်းကတိပေးလိုက်သည်။

''ခရစ္စမတ်မြန်မြန်ရောက်ချင်ပြီ ပါးပါး ချီချီရဲ့ဖျော်ဖြေမှုကိုကြည့်ရမှာ မစောင့်နိုင်တော့ဘူး ''

''ပါးပါး ကျိန်းသေပေါက်ကြည့်ရမှာနော် မေ့လို့မရဘူးနော် ''

''အင်းပါ စိတ်မပူပါနဲ့ ပါးပါးအဲ့ကိုလူကိုယ်တိုင်လာမကြည့်နိုင်ပေမဲ့ ချီချီကို ကြည့်လို့ရမဲ့နည်းလမ်းတွေအများရှိပါသေးတယ် ''

ချီချီကခဏလောက်စဥ်းစားနေလိုက်ကာ

''မနေ့ကဖုန်းပြောသလိုမျိုးလား ''

''ဟုတ်တယ် အဲ့လိုမျိုး '' ယန်းချင်းချီ ကလေးကိုဆပ်ပြာတိုက်ပေးနေရင်း '' ချီချီလေးက အရမ်းဉာဏ်ကောင်းတာပဲ ''

ချီချီက ချီးကျူးခံလိုက်ရတာကြောင့် ကျေနပ်သွားသည့်ရုပ်လေးဖြင့် ခိုးခိုးခစ်ခစ်ရယ်လိုက်ကာ ခေါင်းလေးကိုငုံ့ပြီး လက်ထဲကဆပ်ပြာပူစီဖောင်းများကို တဖူးဖူးလိုက်မှုတ်နေသည်။

ရေချိုးပြီးလို့ အိပ်ခန်းထဲပြန်ခေါ်လာတော့ ချီချီက တညနေလုံးခရီးပန်းလာရသည့်အပြင် အိပ်ချိန်လည်းကျော်နေပြီဖြစ်တာကြောင့် ခေါင်းအုံးပေါ်ခေါင်းချလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားလေသည်။ ကျန်းမော့ချန် အိပ်ပျော်သွားသည့် ကလေးခေါင်းလေးကိုထိုင်ပွတ်နေရင်း  ယန်းချင်းချီဘက်လှည့်လိုက်ကာ

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now