11.2(U)

2K 312 14
                                    

ရှန်းယိုလင်က Lနိုင်ငံသို့ ပြောင်းရွှေ့နေခဲ့သည်။
Lနိုင်ငံ၏ ရာသီဥတုက အလွန့်အလွန်
ကောင်းမွန်ပြီး အပူချိန်မှာလည်း တစ်နေ့လုံး
မှ ၂၀ဒီဂရီကျော်ကျော်ပင်။ မိုးများ
ရက်အနည်းငယ် ရွာသွန်းသော်လည်း
မိုးသက်မုန်တိုင်း ကျရောက်လောက်သည်ထိ
တော့ မရှိပေ။

ရီဟွိုင်က ရှန်းယွီချန်ကို ကိုယ်ဝန်ရှိနေသည့်
ရှန်းယိုလင်ကို တွေ့ရန် Lနိုင်ငံသို့
အလည်လိုက်ပို့ခဲ့သည်။ ရှန်းယိုလင်က
သူ့အိမ်တံခါး စဖွင့်ဖွင့်ခြင်းမှာပင်
ရီဟွိုင်ကို ကျော်ကာ သူမအဖေကို
အရင်မြင်လျက် ပျော်ရွှင်စွာ သူမ
အဖေရင်ခွင်ထဲသို့ ပြေးဝင်တော့သည်။

"အဖေ!!!!" ရှန်းယိုလင်က အလွန်အမင်း
ပျော်ရွှင်လျက် ချန်လီကောအား
အတင်းအကြပ် ဖက်ထားတော့သည်။

"မင်းက အသက်ကြီးနေပြီကို ဘာလို့အခုထိ
ဣန္ဒြေမရတာလဲ"

ချန်လီကောက မျက်မှောင်ကြုတ်ကာ
ပြောလာသည်။

ရှန်းယိုလင်: "အဖေလာမယ်ဆိုတာ ဘာလို့ကြိုမပြောရတာလဲ?????သမီးဘာမှတောင် မပြင်ရသေးဘူး"

ချန်လီကော: "ဘာတွေများ ပြင်စရာ လိုလို့လဲ????"

ရှန်းယိုလင်: "ပြင်ရမှာပေါ့....ကြည့်လေ
သမီးခေါင်းတောင် မလျှော်ရသေးဘူး"

ချန်လီကောက သူမခေါင်းကို မနိုင်စွာ
သပ်ပေးလိုက်သည်။

ရှန်းယိုလင်က ချန်လီကောရဲ့ နောက်မှာရှိနေ
သည့် ရီဟွိုင်ကို တစ်ချက်လေးမှ ဂရုမစိုက်ပေ။
သူမအဖေနှင့်ရီဟွိုင် အတူရှိကတည်းက
တစ်ချက်တောင် မကြည့်ချင်တော့ပေ။
သူမစိတ်ထဲမှာလည်း ဒီစိတ္တဇကောင်က
သူမအဖေကို ဆွဲဆောင်ထားတာဟုသာ
မှတ်ယူထားသည်။

ရီဟွိုင်ကလည်း ဘယ်လိုမှ မခံစားပေ။
သူကနောက်ကနေ ဖြည်းဖြည်းချင်း
လိုက်လာပြီး တံခါးကိုဖြည်းညှင်းစွာ
ပိတ်လိုက်သည်။

ချန်လီကော အိမ်ထဲဝင်လိုက်တော့
ရှန်းယိုလင်၏ နေအိမ်အဆင့်အတန်းက
သူ့အိမ်နဲ့ မကွာသည့်အတွက် သူ့နှလုံးသားထဲက
စိုးရိမ်ပူပန်စိတ်လေး လျော့ကျသွားသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now