38

13.8K 995 77
                                    

သေဘေးနဲ့ ကြုံတွေ့လာရတဲ့အခါ ....
ခန္ဓာကိုယ်နဲ့ ၀ိညာဉ် ကွဲထွက်လုဆဲဆဲ ဖြစ်တည်လာတဲ့အခါ....
လူသားတွေရဲ့ ၈၀ ရာခိုင်နှုန်းသော ပုထုစဉ်တို့်ဟာ
ချစ်တဲ့သူကို ပြေးမြင်မိတတ်ကြသတဲ့... ။

" သတိရနေတယ်မလား အစ်ကို... ကျွန်တော်လည်း နာနာ့ကို သတိရတယ် ။ ဒီက ပြန်ရင် နာနာ့ကို ကျွန်တော် အတည်လိုက်တော့မယ် ။ အစ်ကို ဆုချထားတဲ့ အိမ်နဲ့ကားရော ဘိန်းခင်း ဧက ၅၀၀၀ ကိုရော ပြန်ပေးမယ်နော် အစ်ကို "

" ငါ ဘာနာကျင်မှုမှ မခံစားရပေမဲ့ ရင်ဘတ်တွေ အရမ်းအောင့်တာပဲ မှိုင်း!  ငါလည်း သတိရနေတာများလား... ! "

" ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ အစ်ကို! 
ကျွန်တော့်ကို မြင်ရလား?  ကျွန်တော် အစ်ကို့ကို မမြင်ရဘူး... မျက်စိရှေ့က မီးခိုးတွေနဲ့ တူပေမဲ့ ဘာအနံ့မှ မရဘူး အစ်ကို! "

" ငါလည်းပဲ ထပ်တူပါ ။ ငါတို့ ဘယ်ရောက်နေတာလဲ မှိုင်း!  ငို သံ တွေ ကြားနေရတယ်...  ကိုကို့ ငိုသံ... ကိုကို ငို နေတယ်.... "

အစဦးစွာ လေတိုးသံသဲ့သဲ့လေးမှ တစထက်တစ မိုးပြိုခါနီး တိုက်ခတ်လာသော လေတိုးသံလိုမျိုး ကြားလာရကာ ကြံ့ခိုင်သော ခန္ဓာကိုယ်ကပါ လေနှင့်အတူ လွင့်မျောချင်လာ၏ ။

ငိုသံသဲ့သဲ့က ကိုကို့ ငိုသံ ဆိုတာ သေချာပါ၏ ။ အရာအားလုံးမှာ မီးခိုရောင် လှိုင်းငွေ့များမှ တဆင့် အရပ်ရှစ်မျက်နှာတခွင် ပိန်းပိတ်နက်မှောင်သွားတော့သည် ။

မှိုင်း အသံသည် ဖြည်းညှင်းလေးပင်လာပြီးနောက်တော့ အလုံးစုံပျောက်ကွယ်လို့သွားတော့၏ ။

လေတိုးသံများကြားမှ ကိုကို့ငိုသံလေး... ။

အမှောင်တောထဲ စမ်းတ၀ါးဝါး လျှောက်လှမ်းရင်း
ငိုသံတစ်ခု၏ ခေါ်ဆောင်ရာနောက် လိုက်ပါမိ၏။

ခက်ထန်  .....

ခက်ထန်...

ထန်ထန်...

" ကိုကို ဘယ်မှာလဲ?  ကျွန်... ကျွန်တော် ဘာလို့ မမြင်ရတာလဲ? "

ဘယ်ဆီမှန်း မသိနိုင်သော လမ်းကို လျှောက်လှမ်းရင်း ခက်ထန် ခေါင်းငိုက်စိုက်ချမိသည်... ။

You are my husband (Season 1)Completed  Where stories live. Discover now