အပိုင်း ၆၁

3K 99 0
                                    

(unicode)

" လူကြီး ကျွန်တော်ကို lotion လူးပေးအုန်း။ ကျောဘက် မမှီလို့ "

" အင်း...ကိုယ်ပေါင်ပေါ်လာအိပ် "

မွေ့ထက်ဖြန့်စင်းထားသော ပေါင်နားတွင်ပါးလေးအပ်လျက် အိပ်လာသူ၏အင်္ကျီလေးကို အသာပင့် တင်လိုက်သည်။ ပေါ်လာသော ဖြူဖြူဖွေးဖွေး
ကျောပြင်လေးကို သေချာကြည့်မိသည်။

" ခဏလေး။ မှောက်ယက်အိပ်ရင် ကလေးထိသွားမယ် "

ရုတ်တရက်ပြန်ထထိုင်ကာ ပြောလာသည်။

" ဒါဆို မျက်နှာချင်းလေးဖက်ထား၊ ကိုယ်သေချာလူးပေးမယ် "

" အင်း အင်း "

ခေါင်းလေးညိတ်လျက် ရင်ခွင်ထဲ တိုးဝင်ဖက်လာသူ၏ကျောပြင်နုနုလေးကို နို့ရနံ့သင်းနေသော
Whitening Body lotion လူးပေး ဖြစ်သည်။ နူးညံ့သောအသားရည်လေးမို့ ဖွဖွလေးအသာထိတွေ့လိမ်းနှယ်ပေးနေချိန်၌ အောက်ပိုင်းနယ်မြေက တစ်စုံတစ်ယောက်မှလည်း ထိတွေ့ချင်လာပုံရလေသည်။

" ဟူး..."

အသက်ပြင်းပြင်းရှူလျက် သည်းခံထားမိသည်။ ကလေးငယ်ကို မနာကျင်စေချင်။ သွေးသားပြောင်းလဲမှုအခိုက်တန့်တို့တွင် ကိုယ်၌သဘောတစ်ခုတည်းဖြင့် မရယူချင်။ ထိုအခိုက်အတန့်မှမဟုတ်စေကာမူ မည်သည်အချိန်ကာလဖြစ်ပါစေ ကလေးငယ်ဆန္ဒာမပါလျှင် လုံးဝအလိုမတူခြင်းပြုမည် မဟုတ်။ ထိုမှာ ဒေါင်းမာန်၏ကလေး ငယ်အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ၏အ စိတ်ပိုင်းငယ် တစ်ခုသား။

" ကြာနေပြီးလေ။ လူကြီး လူကြီး "

" ကိုယ် သေချာလူးပေးနေတယ်။ အသားထဲစိမ့်ဝင်သွားအောင် ဖြည်းဖြည်းချင်းလူးပေးနေတာ "

" ကျွန်တော်ကို အသားယူနေတာမလား "

" ကိုယ့်ကလေးအဖေကို ကိုယ်အသားယူတာပဲ။ ဘာဖြစ်လို့လဲ ကိုယ်ကလေးအဖေ "

" ဘယ်လို့တွေခေါ်နေတာလဲ ဟီးဟီး ဟီး "

နားမယဥ်သေးသော အသုံးနှုန်းဆန်းကို ကြားရချိန် စွယ်သော်လင်းနေမတတ်စွာ သဘောကျမိပြန်သည်။

" ကိုယ်တို့ကလေးလေးရဲ့အဖေလို့ ခေါ်လိုက်တာလေ "

" လူကြီး ချစ်တယ် "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now