Part...1

21.4K 799 46
                                    

တောင်မို့ငယ်များပတ်ပတ်လည်ရှိနေ
သည့်လမ်းလေးမှာ အကွေ့အကောက်
များရှိပြီး အနိမ့်အမြှင့်မညီသောကြောင့်
ရိပေါ် ဂရုတစိုက်မောင်းနေရင်း သူ့ဘေးတွင်ရှိနေတဲ့ရှောင်းကျန့် ၏ လက်ဖမိုးလေးကိုလှမ်းကိုင်လိုက်တော့ အပြင်ဘက်ကိုရှုခင်းများကိုငေးနေရင်းမှ သူ့အား
ပြုံးကာလှည့်ကြည့်လာသည် ။

"ဂရုစိုက်မောင်းပါ ရိပေါ် ရယ်
ဒီလက်ကို နောက်မှတဝကြီးကိုင် "

"တဝကြီးကိုင်မှာဗျာ လက်ကိုတော့
မဟုတ်ဘူး"

ရှောင်းကျန့် မှာ သူ့ဘက်ကိုစောင်းငဲ့
ကြည့်ပြီးရင်ဘတ်တစ်နေရာကို မျက်
စပစ်ရင်းပြောလာသည့်စကားကြောင့် ဆုပ်ကိုင်ခံထားရတဲ့လက်ဖျားလေးကို
ရုန်းလိုက်ပြီး ခပ်စပ်စပ်လေးလှမ်းရိုက်လိုက်တယ်။

"ကိုယ် ပြန်ရိုက်မှမငိုနဲ့နော် လက်ငါးချောင်းရာ ထင်အောင်ကိုရိုက်မှာ "

ပြောရင်းလက်တစ်ဖက်ကိုမြှောက်ကာ
လက်ချောင်းတွေကို လှုပ်ရှားပြနေပုံမှာ
ထုရိုက်ပစ်ချင်စရာ ။

"ထိကြည့်လိုက်လေ ထိကြည့်လိုက်"

"ကိုယ် ကားရပ်လိုက်ရတော့မလား
တောင်ပတ်လမ်းလေးက လူရှင်းတယ် "

"ဝမ်ရိပေါ် ! "

"ကျစ်...အသံကိုချန်ထားစမ်းပါဗျာ
ခဏနေအော်ရတော့မှာကို အလကား
သပ်သပ်ဖြုန်းတီးနေတယ် "

"ကဲကွာ ပါးစပ်သရမ်းချင်အုံး "

တောင်မို့ငယ်များရှိရာလမ်းကို ကျော်
လာပြီဖြစ်တာကြောင့် ရှောင်းကျန့်မှာ အခွင့်ရေးယူကာ စနောက်ဖို့ပဲတွေးနေတဲ့ကောင်လေး ရဲ့ လက်မောင်းကိုထုရိုက်ပစ်သည် ။တဟားဟားအော်ရယ်သံကြောင့် ပိုပိုသာသာအားရအောင်ရိုက်ပြီး
မှ အနည်းငယ်မောသွားသဖြင့် ရေဗူး ကိုမော့သောက်လိုက်တယ် ။ ဒါတောင်
တကောင့်သားပါးစပ်ကပေါက်ကရ
စကားကို ခပ်တိုးတိုးနဲ့မကြားကြား
အောင်ပြောလိုက်သေးသည်။

"ဘာမှတောင်မလုပ်ရသေးဘူး
မောပြနေတယ်" တဲ့ ။

ကြည့်...ဘယ်လောက်စိတ်တိုစရာ
ကောင်းလိုက်သလဲ ။ ထပ်ပြီးထုရိုက်မိ
ရင်လည်းရိုက်တဲ့လူကလက်ကသာ
ပုတ်သွားမယ်။နောက်တီးနောက်တောက် ကောင်လေးကအရယ်ပျက်မှာမဟုတ်
ဘူးဆိုတာ ရှောင်းကျန့် သိနေတာ
ကြောင့်မျက်စောင်းသာထိုးပစ်လိုက်
သည် ။

OBSESSION ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now