အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ

2.8K 350 2
                                    

[Unicode]

အပိုင်း၁၇၄ - ဂုဏ်ပြုစားပွဲ

အလုပ်များနေတဲ့ ရှောင်ချောင်းတစ်ယောက် နောက်ဆုံးမှာတော့ ထိုင်ချလိုက်ပြီး ခြောက်ကပ်နေတဲ့ အာခေါင်ကို စိုစွတ်အောင် ရေသောက်ချိန်လေး ရသွားတော့တယ်။ သူမက ဖရဲသီးဝယ်မရလို့ စိတ်ပျက်နေတဲ့ စျေးဝယ်တွေကို တွေ့တော့ နည်းလမ်းတစ်ခု စဉ်းစားပြီး သူတို့ကို စည်းရုံးဖို့ လုပ်လိုက်တယ်။ သူမက စျေးဝယ်တွေကို စရန်ငွေထားခဲ့ပြီး နောက်ရက်ကျရင် သူမပေးလိုက်တဲ့ ပြေစာနဲ့ ပစ္စည်းလာယူဖို့ ပြောလိုက်တယ်။ ဒီလိုဆို နောက်ကျမှ ရောက်လို့ဆိုပြီး ဖရဲသီး ဝယ်မရတော့မယ့် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်မလား။

စျေးဝယ်တွေ အများကြီးက သူတို့ရဲ့ ကြိုတင်အော်ဒါအတွက် စရန်ငွေတွေ ပေးခဲ့တာကြောင့် ရှောင်ချောင်းလည်း သူမရဲ့ အနည်းငယ် မသေမသပ် တရုတ်စာလုံး လက်ရေးအချို့နဲ့ (1,2,3 အစရှိသော) အာရပ်ဂဏန်းခြေတချို့ပါတဲ့ ပြေစာတွေ ရေးပေးလိုက်တယ်။ သူမရဲ့ လက်ရေးလက်သားနဲ့ ရေးပုံရေးသားနည်းက ထူးခြားတာမို့ ပြေစာအတု လိုက်တုပလို့တောင် မရနိုင်ပေ။ ဒါကို ဘာလို့ ပြောနိုင်သလဲဆိုတော့ ဆိုင်ဖွင့်ပြီး နောက်တစ်နေ့မှာ မြို့ထဲက လူလိမ်တစ်ယောက်က ပြေစာအတု လုပ်ပြီး ရှောင်ချောင်းဆီမှာ ဖရဲသီးလာထုတ်တယ်။ ဒါပေမဲ့ ရှောင်ချောင်းက အဲ့ဒီပြေစာကို မျက်လုံးလေးတစ်ချက် ဝေ့ကြည့်ရုံနဲ့တင် သူမဆိုင်က ပြေစာမဟုတ်မှန်း တန်းသိပြီသား။ အဲ့ဒီလူက ရှောင်ချောင်းနဲ့ အငြင်းပွားချင်ပေမယ့် ရှောင်ချောင်းရဲ့ တမူထူးခြားတဲ့ လက်ရေးတွေပါတဲ့ ပြေစာကို မြင်တဲ့အခါမှာတော့ သူ့မှာ ပြောစရာစကား မရှိတော့ပေ။ ဒါကြောင့် ထိုလူလိမ်ကို ဆိုင်မှာ ကူပေးနေတဲ့ လီလီက တရားရုံးကို ခေါ်သွားတော့တယ်။

အဲ့ဒီကနေတဆင့် ထန်ကူဖရဲသီးဆိုင်က အုပ်ချုပ်ရေးရုံးနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး တစ်မြို့လုံးကို ပျံ့သွားတော့တယ်။ အဲ့ဒီလူလိမ်ကိုတော့ ဖရဲသီးဆိုင်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ ဆိုင်မှာ တောက်တိုမယ်ရ လုပ်သူအဖြစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်။ ထိုအဖြစ်အပျက်ပြီးနောက် ဘယ်သူမှ ယွီမိသားစုရဲ့ ဖရဲသီးဆိုင်ကို လာမထိရဲကြတော့ပေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now