Ch-8(Uni/Zg)

45.6K 3.2K 351
                                    

ကျတော်ရွာကိုရောက်တာ ဒီနေ့ဆိုသုံးရက်မြောက်ညလေးပေါ့
အရင်နေ့ညတွေဆိို အပူဒဏ်မခံနိုင်တဲ့လူကြောင့် စိတ်ညစ်ခဲ့ရပေမဲ့ အခုတော့အကို Sam၀ယ်လာပေးတဲ့ ပန်ကာနဲ့အဆင်ပြေနေတဲ့ပုံပါပဲ ရွာကလူတွေကလဲ သူ့ကို၀ိုင်းချစ်ပေးကြပါတယ် အခုလဲ သူတို့အုပ်စုကို လက်ဖက်သုပ်နဲ့ရေနွေးကြမ်းရည်နဲ့ ဧည့်ခံနေလေရဲ့..

" Sam "

" ဗျာ "

" ငါ့နောက်ခဏလိုက်ခဲ့ "

သူ့ရှေ့ကနေထွက်သွားတဲ့ ဟန်နရီနောက်ကို Samချက်ချင်းလိုက်သွားသည် မာန်ဟိန်းနဲ့လွန်းကတော့ အိမ်ပိုင်ရှင်တွေနဲ့သာ စကားဖောင်ဖွဲ့နေကြသည်...ဟန်နရီက သူ့ကားနားရောက်တာနဲ့ ပတ်၀န်းကျင်ကိုတချက်အကဲခတ်လိုက်သည် လူသူရှင်းပီး တိတ်ဆိတ်နေတာကြောင့် Samကိုကားထဲ၀င်ခိုင်းလိုက်သည်

" Bossကျတော့်ကို ဘာပြောစရာရှိလို့လဲ "

ဟန်နရီက Samမျက်နှာကိုသေချာစိုက်ကြည့်ကာ ပြုံးပြလိုက်ပီး သူ့ကားနောက်ခန်းထဲက ရွှေရောင် boxလေးကို Samလက်ထဲထည့်ပေးလိုက်သည်

" Boss ဒါကဘာလဲ "

" ဖွင့်ကြည့်လိုက် "

သူ့လက်ထဲက Boxလေးကို Samသေချာကြည့်ကာ ဖွင့်ကြည့်လိုက်သည် Boxထဲ " Sam " ဆိုတဲ့အမည်နာမလေးကို သေချာထိုးထွင်းထားပီး သိန်းငှက်ပုံစံပါတဲ့ သေနတ်တလက်ပင်

" မင်းမှာကိုယ်ပိုင် သေနတ်မရှိဘူးလေ အဲ့တာကြောင့် ငါကိုယ်တိုင်ဒီဇိုင်းဆွဲပီး သေချာအပ်ပေးထားတာ "

ဟန်နရီစကားဆုံးတာနဲ့ Samက ဟန်နရီနားကပ်ကာ သူ့ဆရာကိုတင်းကျပ်နေအောင်ဖက်ထားလိုက်သည်

" ကျတော် Bossကိုအရမ်းချစ်တာပဲ "

" ချစ်ရင်လွှတ်အုံး ငါ့ကောင်ရ!! ဒီမှာလည်ပင်းအစ်နေပီ "

" အာ sry sry "

" ငါပေးတာသဘောကျရဲ့လား "

" သဘောကျတာပေါ့ ကျတော်လဲကိုယ်ပိုင်သေနတ်လေးလိုချင်နေတာ "

" အခုတော့ ဆန္ဒပြည့်သွားပီမှတ်လား "

" ဒါပေါ့ "

" Sam "

" ဗျာ "

" ငါမင်းကိုတခုတောင်းဆိုလို့ရမလား "

HANARY(S1+S2) Where stories live. Discover now