part 6.1
13.3K 1.1K 16
ဇာတ်လမ်းကတော့ လူသားနဲ့ဗိုင်ဗားယား
ဇာတ်လမ်းဖြစ်သည်။ ဇာတ်လိုက်နာမည်က
ကင်ချန်ဂီဖြစ်ပြီး သူဟာဗိုင်ဗားယားတစ်
ကောင်လဲဖြစ်သည်။ဇာတ်လိုက်မကတော့
လီမင်ဟာဖြစ်ပြီး လူသားတစ်ယောက်ဖြစ်သည်။
တွေ့စုံပုံက ကျောင်းတွင်ကင်ချန်ရီက သွေးသန့်
လူသားကိုရှာရင်း လီမင်ဟာနဲ့တွေ့စုံလဲ့သည်။
စစချင်းမှာတော့ သူမရဲ့သွေးတွေကိုစုပ်ပြီး
စွမ်းအားတို့ရန်ပြင်ထားပေမယ့် သူမကိုချစ်မိ
သွားတာကြောင့် သေအောင်မသတ်တော့ဘဲ
တစ်နေ့နည်းနည်းသာသွေးစုပ်ခဲ့သည်။ နောက်
ပိုင်းတွင် လီမင်ဟာကလဲ ဗိုင်ဗားယားတစ်
ကောင်အဖြစ်ပြောင်းလဲသွားခဲ့တာကြောင့်
တခြားသွေးသန့်လူသားကိုထပ်ရှာခဲ့ကြသည်။
ရှားပါးတဲ့သွေးသန့်လူသားတစ်ဦးကိုထပ်တွေ့
ခဲ့ပေမယ့် ထိုလူသားဟာ ဗိုင်ဗားယားအရှင်ရဲ့
လူဖြစ်နေတဲ့အပြင် ထိုလူသားရဲ့သွေးထဲတွင်
စွမ်းအင်များစွာပါနေတာကြောင့် သူတို့ထိုလူသားကိုလက်မလွှတ်ပေးဘဲ ဗိုင်ဗားယား
အရှင်ကိုလှည့်စားပြီး ထိုလူသားသွေးခမ်း
သည်ထိစုပ်ယူစားသုံးကာသတ်ပစ်ခဲ့သည်။
သူဝင်ထားသည့်ကိုယ်က အသတ်ခံလိုက်ရ
သည့် အိုင်ဗီဆိုသည့် ကပြားကောင်လေးဖြစ်
သည်။ သွေးသန့်လူသားထဲမှာမှ ရှားပါးသည့်
သွေးစွမ်းအင်ရှိတာကြောင့် ဗိုင်ဗားယားအရှင်
ရဲ့အနားနေရပြီး အမြဲသွေးတိုက်ရသည်။
တစ်နေ့မထင်မှတ်ဘဲ ဗိုင်ဗားယား အရှင်က
မျိုးတူဗိုင်ဗားယားမတစ်ကောင်နဲ့ sex လုပ်နေခဲ့
ပြီး ထိုအမျိုးသမီးဟာ ဗိုင်ဗားယားအရှင်နဲ့အိုင်ဗီ
ကြားအမျိုးမျိုးသွေးထိုးပြီး အိုင်ဗီက အဆင့်နိမ့်
ဗိုင်ဗားယားရဲ့​သွေးစုပ်ခြင်းခံရ​ကြောင်း သူမက
အရှင့်ကိုလိမ်ခဲ့တာ​ကြောင့် အရှင်က အိုင်ဗီကို
သူ့နားကမောင်းထုတ်ခဲ့သည်။ ထိုခါမှ အိုင်ဗီကို
ကင်ချန်ဂီနဲ့လီမင်ဟာကဖမ်းပြီး စားသောက်ခဲ့
ခြင်းဖြစ်သည်။ ဒါတွေအားလုံးက လီမင်ဟာရဲ့
အကြံတွေဖြစ်ပြီး ဗိုင်ဗားယားအရှင်နားကပ်ကာ
သူမရဲ့သွေးနဲ့မြူစွယ်ပြီး အရှင်နဲ့အိပ်ခဲ့ခြင်းဖြစ်
သည်။ အိုင်ဗီသေဆုံးပြီးတာနဲ့ ကင်ချန်ဂီနဲ့
လီမင်ဟာတို့ အင်အားဟာ အရျင့်ထက်အား
ကောင်းလာတာကြောင့် ဗိုင်ဗားယားအရှင်ကို
သတ်ဖြတ်တိုက်ခိုက်ပြီး ကင်ချန်ဂီက အရှင်နေရာယူခဲ့သည်။