" ထယ်ယောင်း စိတ်ငြိမ်ငြိမ်ထားအုံး "
မူးပြီးကွဲချင်တဲ့ သူ့ရဲ စိတ်တွေက ထယ်ယောင်းကြောင့် ဘယ်ဆီ လွင့်ပျောက်သွားမှန်းမသိ ..!အခုမှပဲ အသိစိတ်က ကပ်တော့သည်။
" ဘာကို စိတ်အေးအေးထားရမှလဲ ငါလူတစ်ယောက်လုံး ပျောက်နေတာကို ငါဘယ်လို စိတ်အေးနိင်မှလဲ ..?"
ကားတိုက်ထားတဲ့ နေရာကို သွားတော့လဲ သူ့လူက ပျောက်ဆုံးနေပြီး ဟန်ဒို၀န်တစ်ယောက်ပဲ သတိမေ့ပြီးကျန်နေခဲ့တာ ဟန်ဒို၀န်ရ့ဲ အခြေအနေက အဆိုးကြီး မဟုတ်သေးပေမဲ့ ဆေးရုံရောက်ကတည်းကအခုချိန်ထိ သတိမရသေးပေ။ အရူးတစ်ပိုင်းဖြစ်နေလူက အခုသူ့ပဲ ..သေချာပေါက် သူ့လူလဲ ဒဏ်ရာရနေမှ ။ ပြီးတော့ သူ့တို့ကလေး..!
" သတိကပ်စမ်းပါ မင်းအဲလိုလုပ်နေရင် မင်းလူကို ဘယ်လိုရှာမလဲ..?"
ထယ်ယောင်းမိဘတွေကော့ ဂျီမင်မိဘတွေကပါ ရှိသမျှ ခွန်အားနဲ့ ရဲမှူးအဆင့်၀န်ကြီးအဆင့်တွေနဲ့ ပူးပေါင်းပြီးရှာဖွေနေတာ .. အခုထိ ပျောက်ဆုံးချိန်ကနေ အခုချိန်ထိ သတင်းကအစအနေတာင်မရသေး။
" CCTVကို သွားကြည့်တာ ဘယ်လိုလဲ ?"
ကားတိုက်မူဖြစ်တဲ့နေရာရဲ့ cctvသွားကြည့်ခိုင်းထားတဲ့ ဂျောင်ကုကို ထယ်ယောင်းမေးတော့
" CCTVက ဖျတ်ထားပြီးသား "
" တောက် ..!"
ဘယ်လိုကောင်ကများ သူ့လူကိုထိရဲတာလဲ ? ကိုယ်သေတွင်းကိုယ်တူးတာပဲ . ..
" ဂျော်နီဖြစ်နိင်လား ?"
ယွန်ဂီကမေးလိုက်တော့ ထယ်ယောင်းက သတိရသွားရင်
" ဟုတ်လောက်မယ် ဒီသူတောင်းစား ငါကို မကျေနပ်တိုင်း ငါလူကို ..!"
ဂျော်နီအကြောင်းပြောတော့ ထယ်ယောင်းမျက်နှာက ခက်ထန်သွားတာ ။ အင်္ကျီအိတ်က ဖုန်းကို ဆွဲထုတ်ရင် တစ်စုံတစ်ယောက်ကိုခေါ်လိုက်သည်။ တစ်ဖတ်က ဖုန်း၀င်သည်နှင့်
" သူငယ်ချင်းပြော .."
"×ီးကို သူငယ်ချင်းလား ?ငါလူကို ခေါ်သွားတာလား ?"
" ဟာ..!သက်သေလဲ မရှိပဲနဲ့ စွပ်စွဲလာကြီးလား ? ကင်မ်ထယ်ယောင်းရယ် "
