62 - IT FEELS LIKE I'M DREAMIMG RIGHT NOW [NSFW]

7K 797 80
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH62 - IT FEELS LIKE I'M DREAMIMG RIGHT NOW

This chapter is NSFW

သည်တစ်ကြိမ်တွင်မူ လုဖုန်း၏ပါးစပ်ကို ပိတ်ဆို့ထားသောအရာမျိုးရှိမနေသည်ဖြစ်ရာ မိမိစိတ်တိုင်းကျ ဟစ်အော်နိုင်ခဲ့ချေပြီ ။ ပီတီဖြာစိတ်ကြွခြင်းအဆင့်သို့ ဝင်ရောက်လာခြင်းနှင့်အတူ ထိုအသံများ ကြီးထွားလာခဲ့ပြီးလျှင် ရေချိုးခန်းတစ်ခုလုံးကား လုဖုန်း၏ငိုသံ ၊ ညည်းသံတို့ဖြင့် ပြည့်နှက်လျက် ။

လုဖုန်း၏အသံက တော်တော်လေးကျယ်လောင်သွားသည်ထင်၏ ။ ရှန့်မင်အော်က အသက်ပြင်းပြင်းရှူနေရင်းပင် ရပ်တန့်လိုက်ပြီး လုဖုန်းအား စိတ်အလိုမကျသည့်ပုံစံဖြင့် တစ်ချက်ကြည့်လာတော့သည် ။ ထို့နောက် လုဖုန်း၏အသံကို အားသုံးတားဆီးသကဲ့သို့ လက်ဖဝါးတစ်ဖက်ဖြင့် ပါးစပ်ကို ပိတ်ဆို့လိုက်လျက် ။

"အာ့..."

လုဖုန်း ရေချိုးဇလုံအစွန်းကိုမှီလျက် ကျောနောက်ဘက်ကို ကွေးချလိုက်သည် ။ ရှန့်မင်အော်ကား လုဖုန်းအနားသို့ တိုးကပ်လာပြီးလျှင် အသူတရာနက်သော လိုအင်ဆန္ဒကန်ငယ်သဖွယ် ဖြစ်တည်နေသော မျက်ဝန်းများဖြင့် လုဖုန်းအား စေ့စေ့စပ်စပ်ကြည့်နေသေး၏ ။

"လုဖုန်း ၊ ငါ ဒေါသထွက်ရင် မင်း အရမ်းပျော်တာပဲလား ?"

ရှန့်မင်အော်စကားပြောလိုက်သည့်အချိန်တိုင်း ၊ သူ့စကားလုံးများက လုဖုန်း၏အရာအားလုံးကို ဖျက်ဆီးရန် ခြိမ်းခြောက်နိုင်လောက်သောရက်စက်မှုမျိုးဖြင့် လုဖုန်းခန္ဓာကိုယ်ကို ထိုးဖောက်မြဲပင် ။

"ထိန်းချုပ်ဖို့ခက်တဲ့ စိတ်ခံစားချက်တွေကို မကြိုက်ဘူး ၊ ပြီးတော့ မင်းက ငါပြောတဲ့စကားတွေကို လျစ်လျူရှုပြီးတော့ ငါ့ရဲ့သည်းခံနိုင်တဲ့အတိုင်းအတာကို လာလာပြီးစမ်းသပ်နေတာကိုလည်း မကြိုက်ဘူး"

ယခုလက်ရှိ မိမိတို့ရောက်နေသော အခြေအနေ ၊ ပြောနေသောစကားလုံးများနှင့် ဆန့်ကျင်စွာ ၊ ရှန့်မင်အော်၏အကြည့်များကား သူမတူထူးခြားစွာ တည်ငြိမ်နေလျက် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now