Part 3

1.5K 162 4
                                    

အဖေက လူသတ်မှုနဲ့ဖမ်းဆီးခံလိုက်ရသည်။ အမေကတော့ မောင်ဘယ်တော့မှမတွေ့နိုင်တဲ့နေရာကို ကျောခိုင်းပြီး တစ်ချက်လေးတောင်ပြန်မကြည့် နှုတ်ဆက်စကားလေးတောင်တစ်ခွန်းမဆိုဘဲ ထွက်သွားပြီ။ မောင်ကရော။အိမ့်ဆည်းလည်းမောင်ဆိုတဲ့ မောင်ကရော ။ လူသတ်သမားရဲ့သမီးဆိုပြီး ပတ်ဝန်းကျင်ရဲ့ လက်ညှိုးထိုးခြင်းကို ခံနေရသည်။ အမေ့အတွက် ငိုကြွေးလိုက်ရ။ အဖေ့အတွက် ပူဆွေးလိုက်ရ။ ပတ်ဝန်းကျင်ကြောင့် နာကျင်လိုက်ရနဲ့။ မောင်ဟာ သိပ်သနားစရာကောင်းသည်မလား။ ခါတိုင်းလို အရက်သောက်ပြီး ရိုက်မယ့်သူလည်း မရှိတော့။ ဆူပူကြိမ်းမောင်းပြီး မနားတမ်း အလုပ်ခိုင်းမယ့်သူလည်းမရှိတော့။ မောင်ဟာ လွတ်လပ်သွားခြင်းလား။ မောင့်ကိုပျံသန်းခွင့်ပြုလိုက်တာလား ငှက်ကလေးရယ်။ ဒါပေမယ့် မောင်လိုချင်တာ ဒီလိုပျံသန်းခြင်းမျိုးမဟုတ်ပါ။ မောင်ပျံသန်းနေတာကို အသိုက်အမြုံထဲက ကြည့်ပြီး အားပေးဖော်လိုအပ်နေသေးတယ်လေ။ မောင် ဘာလုပ်ရမှာလဲ။ အခု မောင်ဘာလုပ်ရတော့မလဲ ငှက်ကလေးရယ်။

"သမီး ဆည်းလည်း"

"ဟုတ် ကြီးမြ"

အိမ်ထဲဝင်လာသောကြီးမြကြောင့် မောင်မျက်ရည်စများကို သုတ်လိုက်ရသည်။ အမေ့နာရေးပြီးပြီဆိုတော့ မောင့်ကို မိဘမဲ့ကျောင်းသို့ပို့ကြတော့မည်ထင်သည်။ အမေ့နာရေးမလုပ်ခင်နေ့ကတည်းက လူကြီးတွေပြောနေတာမောင်ကြားလိုက်ပါသည်။ ခိုမှီရာဆိုလို့ မိဘနှစ်ပါးရှိသည့်မောင့်အတွက် အဖေနဲ့အမေမရှိတော့လည်း ဒီလိုသာဖြစ်မှာပါပဲလေ။

"ငိုနေတာလား"

"ငိုနေတာမဟုတ်ပါဘူး ကြီးမြရယ်
မောင် နည်းနည်းဝမ်းနည်းနေရုံပါ"

"ငိုချင်ရင်လည်း ငိုချလိုက်ပါလားကွယ်"

"ဘာလို့ငိုမှာလဲကြီးမြရယ် မောင်မငိုတတ်တာ
ကြီးမြလည်းသိရက်နဲ့ ဒါနဲ့ကြီးမြကိစ္စရှိလို့လားဟင်"

"ဒီလိုပါကွယ် ဆည်းလည်းလေးကိုပြောရမှာလည်း အားနာပါတယ် ကြီးမြ မပြောမဖြစ်လို့သာ"

"ရပါတယ်ကြီးမြရယ် ပြောစရာရှိတာပြောပါ
မောင့်ကိုအားနာဖို့မလိုပါဘူး"

အရံလူ (on going)Where stories live. Discover now