Chapter (13.1)

5K 794 8
                                    

{Unicode } (13.1)

မြို့တော် A တစ်ခုလုံး နီယွန်မီးတွေ နဲ့လင်းထိန် နေအောင် ထွန်းညှိထား တာကြောင့် ပုံပြင်ထဲ  နတ်သမီး တိုင်းပြည် အလား ထင်ရပါတယ်။

ပြီးတော်လည်း ထိုမြို့တော့မှာ လူတန်းစားပေါင်း စုံ အခြေအနေ ပေါင်းစုံ တို့ကလည်း လှုပ်ရှား သက်ဝင်လျက်ပဲပေါ့။ အနုပညာရှင် တစ်ယောက် က အဆင့်အမြင့်ဆုံး စားသောက်ဆိုင် ရဲ့ ဇိမ်ခံ ခုံပေါ်မှာ ထိုင်ပြီးတော့ စားသောက်နေ လိမ့်မယ် ။ သာမန် ရုံးအလုပ် သမား တစ်ယောက် ကတော့ မြေအောက် ရထားလိုင်းမှာ လူတိုးစီးနေကြတယ်။ ထိုကဲ့သို့ အဖုံဖုံ ကလည်း မြို့တော် ကြီးမှာ ဖြစ်ပျက်နေကြလေတယ်။

" ကြည့်ပါအုံး။ ဟိုလူက မင်းရဲ့ အိုင်ဒေါ မလား? "

ရှုပေါ်စုဟာ လမ်းမရဲ့ တစ်ဖက်မှာ ထောင်ထားတဲ့ ကြော်ငြာ ဘေလ်ဘုတ်ကို ညွှန်ပြရင်း ကျန်းရှုနဲ့ အတူ စကား ပြောဖို့ ခေါင်းစဥ် တစ်ခု အမြန်ရှာနေ ခဲ့ပါတယ်။

" မင်းဖင် ကြီးပဲ အိုင်ဒေါနေလိုက် ''

ကျန်းရှုက သူ့မျက်လုံးတွေကို လှိမ့်လိုက်တယ်။

" ငါ့မှာ အိုင်ဒေါတစ်ယောက်တောင် မရှိဘူးကွ ''

သူ့မှာ အိုင်ဒေါ ရှိရင်တောင် ထိုလူ ကတော့ ကျန်းချူနမ် မဖြစ်နိုင်ပေါင်။

ဒါပေမယ့် ကျန်းရှုက ကျန်းချူနမ် ရဲ့ ကြော်ငြာ ဘုတ်ကို တစ်ချက်လောက် ကြည့်ကာတွေး မိတာကတော့ ထိုလူက တိုင်းပြည် နဲ့ လူတွေ အတွက်တော့ တကယ့်ကို ဘေးအန္တာရယ် ပဲလို့လေ။

" ကဲပါ ။ အာရုံတွေ လွှင့်ပျံ မနေနဲ့တော့ ။ ကိုယ်တို့ ကားလမ်း  ကူးရအုံးမယ်လေ ''

ရှုပေါ်စုက ပြောကာ ကျန်းရှုလက်ကို သူ့လက်နဲ့ ကိုင်ပြီးတော့ ရှုပ်ထွေးနေတဲ့ လမ်းမကို ဦးဆောင်ပြီး ဖြတ်လေတယ်။ ကြောက်စရာကောင်း လောက်အောင် အလျင်လိုနေကြတဲ့ လူတွေက ​မြေအောက် ရထားလမ်း ဆီကို အကြိတ်အနှယ် သွားနေကြလေတယ်။

မနက်ခင်း တုံးက လိုပဲ ရထားဟာ ကျပ်ဆဲပဲ။

ဒီ တစ်ချိန် မှာတော့ ရှောင်ကျန်းလေးဟာ ရထားပေါ်မှာ နေရာကောင်းကောင်း လေး ရှာလို့မတွေ့ခဲ့ပါဘူး။ ဒါ့ကြောင့် သူဟာ သူ့ရှေ့က မျက်နှာချင်းဆိုင် ထားတဲ့ရှုပေါ်စုကို ခဏတိုင်း ဝင်တိုးမိနေပါတော့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now