Chapter - 41 (U+Z)

11.6K 2.1K 83
                                    

//UNICODE//

အခန်း 41 - မပြတ်မသားဆုံးဖြတ်ရခက်

ကုလီဟန်ရဲ့ခန္ဓာကိုယ် တုန်ရီသွားပြီး ပြင်းပြသည့်ဆန္ဒကို မထိန်းချုပ်နိုင်​တော့ဘဲ စုလင်းရဲ့ခါး​ပေါ်  လက်တင်လိုက်မိသည်။ လက်ဖဝါး​အောက်မှ ထိ​တွေ့မှုက တုန်ရီ​နေမှုကို အနည်းငယ် ​နှေး​ကွေးသွား​စေသည်။ ထို့​နောက် သူ့​ခေါင်းထဲမှာ အ​တွေး​တွေ လွန်ဆွဲ​နေ​တော့သည်။ ကုလီဟန် သူ့ရဲ့ဗီဇသဘာဝအရ ​ကောင်ငယ်​လေးကို တင်းတင်းကြပ်ကြပ်​ ထွေး​ပွေ့ထားချင်​သော်လည်း သူ့ရဲ့ယုတ္တိကျကျအ​တွေးအမြင်များက တွန်းထုတ်​ခိုင်း​နေသည်။

သူ မလှုပ်နိုင်ခင် စုလင်းရဲ့နှုတ်ခမ်းများ အနည်းငယ် ဆုတ်သွားပြီး တိုးတိုးလေး ပြောလာသည်။

“မလှုပ်နဲ့”

သူက မနှစ်မြိုစွာ မျက်မှောင်ကြုတ်ကာ ဆက်​ပြောလာသည်။

“ဒီဝိုင်က ခင်းဗျားလောက် အရသာမကောင်းပါဘူး။ အရမ်းဆိုးတာပဲ”

နဖူးထက်မှာ နူးညံ့သည့်အထိအ​တွေ့​လေးကျ​ရောက်လာချိန်တွင် ကုလီဟန် နှလုံးသား တစ်ခုလုံး ပြင်းထန်စွာ ခုန်​ပေါက်လှုပ်ရှား​နေတော့သည်။ ဤနူးညံ့ညင်သာသည့်ခံစားချက်က ​ကောင်ငယ်​လေးဆီမှ ဖြစ်တာ​ကြောင့် သူလုံးဝကို မခုခံချင်​တော့​ပေ။ သူက suspectible ကာလအတွင်းမှာ ဖြစ်​နေ​သေးတာ​တောင် ရင်ထဲတွင် ​ပျော်ရွှင်မှုတို့ ဖူးပွင့်​နေသည်။

အဖြစ်အပျက်က လူတိုင်းကို အံ့ဩသွား​စေသည်။ လင်းမန်လည်း ပုန်းမ​နေနိုင်​တော့ဘဲ ဆိုဖာကိုမှီကာ မှင်သက်​နေ​သည်။ ထိုအချိန်တွင် ​ရှောင်းရွိ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ သူ့ကို မြင်သွား​လေသည်။

တစ်ဖက်တွင်လည်း စုလင်းရဲ့ အနမ်းများသည် ကုလီဟန်ရဲ့နဖူးမှသည် မျက်လုံးများဆီသို့ နိမ့်ဆင်းသွားသည်။ သူ့မျက်ခွံများက အလွန်ထိလွယ်ရှလွယ် ဖြစ်သည်။ ရုတ်တရတ် အသိ ပြန်ဝင်လာပြီး ကုလီဟန် မျက်နှာကို ​ဘေးဘက် မြန်မြန် လှည့်လိုက်ရာ စုလင်းရဲ့ နှုတ်ခမ်း​တွေက သူ့မျက်လုံးရဲ့အစွန်ဖျား​လေးကို ငှက်​မွှေး​လေးလို ညင်သာစွာ ပွတ်တိုက်သွားသည်။ ကုလီဟန် သက်ပြင်းရှိုက်လိုက်မိကာ စုလင်းခါး​ပေါ်မှ သူ့လက်များကို ဖယ်လိုက်​သည်။ ကုလီဟန် အသံအက်ရှရှဖြင့်

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now