Arc.9.28
1.3K 214 2
Ruff သည် သူ့မျက်လုံးများကို ဖွင့်လိုက်သည် ။ အကုန်လုံး ပြန်မကောင်းသေးသော်လည်း စွမ်းအင်သုံးပုံတစ်ပုံ ပြန်လည်ရရှိပြီဖြစ်သဖြင့် ခေါင်းများပင် ကြည်လင်နေသည် ။ ရင်းနှီးနေသည့် အခန်းအပြင်အဆင်ကြောင့် အနည်းငယ် ကြောင်အသွားသည် ။ သူက အခြေအနေအား စူးစမ်းရန် ပြင်ဆင်နေတုန်းရှိသေး  သူ့ထံသို့ ပြေးဝင်လာသည့် ပုံရိပ်လေးတစ်ခုအား တွေ့ လိုက်ရသည် ။
" ကြည့်ရတာ .. မင်းအဆင်ပြေနေ- " Ruff က စကားတချို့ ပြောမည်ကြံသော်လည်း မည်သူထင်ထားမည်နည်း Andoshi သည် သူ့အပေါ်သို့ ခုန်တက်လာမည်ဟု ။ ထရပ်မည့် ခန္ဓာကိုယ်သည် ယိုင်နဲသွားကာ ကုတင်ပေါ်သို့ ပြန်လည် လှဲကျသွားတော့သည်။ အံ့အားသင့်မှုမှ သတိပြန်လည်လာသည့် Ruff သည် သူ့ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေမည့် နောက်ထပ်အဖြစ်အပျက်အား ကြုံတွေ့ လိုက်ရသည် ။
နူတ်ခမ်းထက်သို့ ရုတ်ချည်းကျရောက်လာသည့်အထိအ‌တွေ့ ‌က သူ့အား မလှုပ်ရှားနိုင်အောင် တောင့်တင်းသွားစေသည် ။
တရားခံဖြစ်သူမှာတော့ ဝိညာဉ်လွင့်သလို ဖြစ်နေသည့်သူ့ ပုံစံအား သတိထားမိပုံမရချေ ။ အရည်လဲ့နေသည့် မျက်ဝန်းများဖြင့် Ruff ၏ ပါးနှစ်ဖက်အား အုပ်ကိုင်ကာ နှာရှုံလျက် ပြော‌လာ၏ ။
" ငါ့ ရွှေပြားဖြစ်လာမဲ့ သတ္တုတွေ လိမ်ယူသွားတဲ့ ကိစ္စ စိတ်ထဲမထားနဲ့နော် .. မင်းဘာမှမဖြစ်ရင် ရပြီ "
Ruff - "..."
သတိမရတော့လောက်အောင်ကို အစကတည်းက စိတ်ထဲမရှိတာပါ။
Ruff က သူ့လက်ခုံဖြင့် နူတ်ခမ်းအား အုပ်လိုက်ကာ ‌မျက်မှောင်ကြုတ်လိုက်သည် ။
" မင်း ဘာလုပ်နေတာလဲရော သိရဲ့လား .. ငါ့အပေါ်က ဆင်းတော့ "
Andoshi မှာ ခေါင်းလေးစောင်းလျက် နားမလည်နိုင်ဖြစ်နေ၏ ။ မျက်နှာလေးက တစ်ချက်ရှုံမဲ့သွားသည် ။ သူ ဘာမှားလို့လဲ ။ '.. သူ့ကို ခွင့်လွှတ်တယ်ဆိုတာ ဖော်ပြပေးတာကို '
" Shun တို့ ကမ္ဘာမှာဆို ခင်မင်ရင်းနှီးမှုကို ဖော်ပြချင်ရင် သုံးတာလေ .. " Andoshi က တစ်စုံတစ်ခုအား သတိရသွားဟန် Ruff အား ငုံ့ကြည့်လိုက်သည် ။ " ဪ..ဟုတ်သား နောက်ထပ်ကျန်သေးတယ် .. တစ်ချက်ကိုက်ခွင့်ပြု "