မောင်သည်သာ Part(12)🚨

6.5K 236 7
                                        

ပျော်ရွှင်ကြည်နူးနေတဲ့မိသားစု

ပျော်ပွဲစားခရီးစဉ်သွားရင်းကားပေါ်မှာ သီချင်းတွေအော်ဆိုနေကြတယ်

ကောင်လေးတစ်ယောက်ရဲ့တီတီတာတာစကားတွေကို မိဘတွေက နှစ်လိုဖွယ်ရှိရှိပြုံးပြထောက်ခံနေကြတယ်

ကောင်ငယ်လေးကိုမုန့်ခွံ့ကျွေးလိုက်
အမျိုးသားကို မုန့်ခွံ့ကျွေးလိုက်နဲ့
လက်မလည်တဲ့အမျိုးသမီးတစ်ယောက်

ကောင်ငယ်လေး
တစ်ယောက်ကို
ယုယုယယ နွေးနွေးထွေးထွေးကြည့်နေတဲ့အမျိုးသား

ရုတ်တရက် ကြည်နူးနေတဲ့မြင်ကွင်းကနေ
သွေးအသွင်သွင်စီးကျနေတဲ့ အမျိုးသား

သွေးအလိမ်းလိမ်းနဲ့မေ့မျောနေတဲ့ အမျိုးသမီး

မျက်ရည်တွေစီးကျပြီး ကြောက်လန့်နေတဲ့ကောင်လေး

ကောင်လေးအော်ခေါ်နေတာက

" Daddy!

မေမေ!

Daddy!

မေမေ! "

မြင်ကွင်းကရုတ်တရက်အမှောင်ကျသွားပြီး
အမှောင်ထဲပိတ်မိနေတဲ့ ခံစားချက်

ဘယ်လိုမှအသက်ရှုမရတော့တဲ့အခြေအနေ

နားထဲမှာ ခပ်သဲ့သဲ့ခေါ်သံတစ်ခုကြောင့်

အတင်းရုန်းကန်ပြီး မျက်လုံးဖွင့်ကြည့်မိတော့

" နိုင် နိုင် အိမ်မက်ဆိုးမက်တာလား "

ချွေးတွေထွက်ကြီး တုန်နေတဲ့ ကိုယ်လေးကို
ကျစ်ကျစ်ဖက်ထားပေးမိတော့

" ငါကြောက်တယ် ဟင့် ဟင်း "

" မငိုပါနဲ့ ခုဘာမှမဖြစ်တော့ဘူးနော်
ကျုပ် ရှိတယ် မကြောက်နဲ့တော့နော် "

"  ငါမအိပ်ရဲတော့ဘူး "

" အခုမှ မနက်၂နာရီပဲရှိသေးတယ် နိုင်ရဲ့
လာရေသောက်လိုက် "

ကုတင်ခေါင်းရင်းက စင်ပေါ်မှာအသင့်ယူထားတဲ့
ရေကရားထဲကနေ ဖန်ခွက်ထဲထည့်ပေးပြီး
သောက်စေတော့

မက်မက်မောမောသောက်နေတဲ့သူကြောင့်

" ဖြည်းဖြည်းသောက်လေ နိုင် ဘာမှမဖြစ်တော့ဘူးနော် "

မောင်သည်သာ ( Complete) Tempat cerita menjadi hidup. Temukan sekarang