Chapter - 14 (Part 3)

549 105 4
                                    

Unicode

ကျင်းရှန့်ရဲ့မွေးနေ့ပါတီမှာ ဖိတ်ကြားထားတဲ့လူ​တွေ အများအပြားရှိ​နေခဲ့ပြီး လူတိုင်းမှာ ခွေးတစ်​ကောင် သို့မဟုတ် ကြောင်တစ်​ကောင်ရှိ​နေကြတယ်။ ဒါဟာ အလယ်ခေတ်တုန်းက မကောင်းဆိုးဝါးကိုးကွယ်ယုံကြည်မှုတစ်ခုကနေ အထူးတလည် ကိုယ်ကျိုးစွန့်ပြီး​တော့ တွေ့ဆုံမှုမျိုးလို့တောင်မှ ငါ သံသယဖြစ်မိတဲ့အထိပဲ။

တကယ်တော့ ကျင်းရှန့်က ငါနဲ့ ​ကျောင်းကုန်းဇီကို ဖိတ်ကြားထားတာမဟုတ်ဘူး။ သူက ​​​​ကျောင်းကုန်းဇီရဲ့ လက်ထောက်ဟောင်း ​ဟောင်တာ့နဲ့ လက်ရှိမန်နေဂျာကိုသာ ဖိတ်ကြားခဲ့တာဖြစ်တယ်။ ​ဟောင်တာ့မှာလည်း ခွေးတစ်ကောင်ရှိ​နေပြီး သူက ငါ့ကို ကျင်းရှန့်ရဲ့ နေ့စဥ်အချိန်ဇယား​တွေလည်း ပြောပြခဲ့တယ်။

ငါကလွဲလို့ ​ဟောင်တာ့မှာ သူငယ်ချင်းအများကြီးမရှိဘူး။ အဲ့အပြင် ဘာကြောင့်လဲဆိုတာအတွက် ငါ့မှာ အဖြေရှိပြီးသားလို့ ထင်ရတာပါပဲ။ ငါက ​ကျောင်းကုန်းဇီ, ကျင်းရှန့်နဲ့ ဦးလေးတာ့လီတို့ရဲ့ အချိန်ဇယားနဲ့ပတ်သက်တဲ့ အချက်အလက်​တွေကို ရရှိနိုင်တယ်။

ကျင်းရှန့်က တစ်စုံတစ်​ယောက်နှင့် စကားပြောနေတယ်။

အဲဒီ့လူက ​ပြောတယ်, "ပြီးခဲ့တဲ့အ​ခေါက်တုန်းက ကျွန်မ မူးလဲပြီး မြေပြင်ပေါ် လဲကျသွားသလို ဟန်​ဆောင်လိုက်တယ်, ကျွန်​မရဲ့အသည်း​​လေး(သူ့ရဲ့​ခွေး)က တံခါးကို ကုတ်ပြီး​တော့ အကူအညီတောင်းဖို့အတွက် လူတွေကို ခေါ်​နေတာ​လေ, ကျွန်​မရဲ့အသည်း​​လေးက ​ကုန်​ခြောက်​တွေ သွားဝယ်ဖို့ ခရီးထွက်သွားမယ်ဆိုပြီး လေးနှစ်ကြာတဲ့အထိ ပြန်မလာ​တော့တဲ့ ကျွန်မရဲ့​ယောကျာ်းထက်​ ပို​​ကောင်း​တယ်"

ကျင်းရှန့်က ပြုံးပြီးပြောတယ်, "အမှန်ပဲ"

နောက်တော့ တခြားလူက ​ပြောတယ်, "ကျွန်​တော့်ဘေဘီ​လေးကလည်း ​တော်တယ်, ကျွန်​တော့်ကောင်မလေးက​ ကျွန်​တော့်ရဲ့ပိုက်ဆံ​တွေကိုပဲ ဖြုန်း​နေတာ​လေ, ဒါပေမယ့် ဘေဘီ​လေးက​​တော့ ကျွန်​တော်စားဖို့အတွက် မြွေဖမ်း​ပေးတာ​, အိုး… ကျွန်​တော့်ဘေဘီ​လေးက အရမ်းချစ်စရာ​ကောင်းတာပဲ, သူက ကျွန်​တော့်မှာ အစားအစာဝယ်ဖို့ ပိုက်ဆံမရှိဘူးလို့ ထင်​နေတာ"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now