part3(Unicode)

30K 3.2K 132
                                    

"ကိုကို...."

နောက်ကျောဖက်ဆီမှ ထွက်ပေါ်လာသော အသံလေးကြောင့် ရှင်းခန့် လှည့်ကြည့်မိတော့ ဟိုဖက်အိမ်မှ ကလေးမလေးအား တွေ့လိုက်ရလေသည်။အမြဲတစေ ဂါဝန်တိုတိုကားကားလေးတွေ ဝတ်ဆင်ထားပြီး ကျောလယ်ရှိ ဖြောင့်စင်းနေသော ဆံနွယ်များဖြင့် ထိုချစ်စဖွယ် ကလေးငယ်အား ဆိုင်မှာဝင်ထွက်နေတက်တာကို ရှင်းခန့် သတိပြုမိနေပါသည်။လက်ကလေးနှစ်ဖက်က်ို နောက်ပစ်၍ မျက်နှာလေးကို အချိုဆုံးပြုံးကာ မျက်နှာချိုသွေးနေပုံလေးက တကယ်ကို ချစ်စဖွယ်အသွင်လေးဖြစ်သည်။ရှေ့ရက်တွေတုန်းကတော့ သူရှိနေတဲ့ ရုံးခန်းတံခါးဝနား ယောင်လည်ယောင်လည်ဖြင့် လာလာချောင်းနေတာကို သတိပြုမိသော်ငြား သူမသိလိုက်မသိဖာသာဖြင့် လျစ်လျှူရှုထားခဲ့တာဖြစ်သည်။

"ကိုကို ဘာတွေလုပ်နေတာလဲ..."

စားပွဲပေါ်မှ စာရွက်တွေပေါ်သို့ မျက်လုံးတောက်တောက်လေးများဖြင့် စူးစမ်းသလို ကြည့်ရင်း မေးခွန်းထုတ်လာပြန်သည်။သူ့အဖေတောင် ကိုယ့်ထက်ငယ်ရွယ်ပုံရတာကို ဒီကလေးက ဘယ်လိုဖြစ်လို့များ ကိုယ့်ကို ကိုကိုလို့ လာခေါ်နေရတာလဲ မသိတော့ချေ။ရှင်းခန့် နားမလည်နိုင်စွာ တွေးနေရင်းဖြင့် ကလေးလေးအား ဒီအတိုင်း ငေးကြည့်နေမိသည်။ဟိုတုန်းထဲကလည်း ဒီလိုကွိစိကွစတွေနှင့် တရင်းတနှီးနေထိုင်ခဲ့ဖူးခြင်း မရှိတာမို့လို့ အခုလည်း ဒီကလေးကို ဘယ်လိုများ တုံ့ပြန်ပြောဆိုရမလဲ စဥ်းစားနေမ်ိသည်။ရှင်းခန့်ဖက်မှ မျက်နှာတည်တည်ဖြင့် တိတ်ဆိတ်နေတော့ ကလေးလေးက ခြေဖျားလေးထောက်ကာ စားပွဲနားသို့ ထပ်မံ၍ တိုးကပ်လာလေသည်။စားပွဲပေါ်သို့ မမှီမကမ်း ခြေဖျားထောက်ကာ တစ်စုံတစ်ခုအား လှမ်းတင်လိုက်ပြီးမှ...

"ကိုကိုစားဖို့..."

စားပွဲပေါ်ရောက်လာသော ချိုချဥ်လုံးလေးများအား ကြည့်ပြီးမှ ရှင်းခန့် အသာအယာပြန်တွန်းပေးလိုက်သည်။

"မကြိုက်ဘူး..."

လေသံကို အတက်နိုင်ဆုံး ပျော့ပျောင်းအောင် ထိန်းသိမ်းပြီး ပြောလိုက်ပေမဲ့လို့ ထွက်လာသော လေသံက နူးညံ့မနေတာလည်း သတိပြုမိလိုက်သည်။သူ့၏လေသံက ကလေးတစ်ယောက်အတွက် တင်းမာနေသော်ငြား ရင်းနှီးကျွမ်းဝင်ချင်နေတဲ့ ထိုကလေး၏ အမူအယာလေးကတော့ အနည်းငယ်လေးတောင် လျှော့ပါးမသွားပေ။

Wild  Rose(complete)Where stories live. Discover now