Ch-10(Uni/Zg)

48.3K 3.2K 307
                                    

မနက်ဖန်ပြန်မဲ့သူ့အတွက် အ၀တ်အစားတွေထည့်ပေးနေတဲ့ လွန်းကို ဘေးကနေမျက်တောင်မခပ်ကြည့်နေသူက ဟန်နရီပင်..မျက်နှာလေးကလဲ တခုခုကိုအလိုမကျတဲ့ပုံပါပဲ

" ကျတော်မရှိတဲ့အချိန်မှာ ထမင်းကိုအချိန်မှန်စားပီး အချိန်မှန်အိပ်ရမယ်နော် ကျတော်မရှိဘူးဆိုပီး clubတွေချည်းသွားမနေနဲ့ "

" အချစ်ကဘယ်တော့အိမ်ပြန်လာမှာလဲ "

" နောက်တပတ်လောက်ပေါ့ "

" ကိုကပြန်ချင်သေးတာမဟုတ်ဘူး အလုပ်ကိစ္စအရေးကြီးနေလို့သာ "

" ကျတော်သိပါတယ် ခင်ဗျားအလုပ်ကလဲအရေးကြီးတယ်လေ ကျတော့်ကိုစိတ်မပူပဲ စိတ်အေးအေးသာသွား "

" အချစ်က ကိုမရှိတဲ့အတောအတွင်း ကို့ကိုမေ့သွားရင်ဘယ်လိုလုပ်မလဲ "

" ဖြစ်ရလေ...ကျတော်က ကိုယ့်ယောကျ်ားတယောက်လုံးကို မေ့စရာလား "

ယောကျ်ားဆိုတဲ့အသုံးအနှုန်းလေးကြောင့် ဟန်နရီအတော်လေးသဘောကျသွားတဲ့ပုံပါပဲ ရှက်ကိုးရှက်ကန်းဖြစ်ကာ လွန်း၀တ်ထားတဲ့ T-shirtအပွထဲ သူ့ခေါင်းကြီးတိုး၀င်လိုက်သည်

" ဘယ်လိုဖြစ်ပီး သူများအင်္ကျီအောက်ထဲလာ၀င်နေရတာလဲ ပြန်ထွက် "

" မထွက်ဘူး "

" အဲ့တာဘာဖြစ်သွားရပြန်တာလဲ "

" ခုနကလို ပြန်ခေါ်ကြည့်ပါလား "

" မခေါ်ချင်ပါဘူး "

" အချစ်ကလဲ တခါလောက်လေးထပ်ခေါ်ကြည့်ပါကွာ နော် "

" ယောကျာ်း "

ဟန်မဆောင်နိုင်လောက်အောင် သဘောကျသွားတဲ့ကောင်လေးက လွန်းကိုအတင်းဖက်ကာ သူ့မျက်နှာလေးကိုကွယ်ထားလိုက်သည် သူ့အင်္ကျီအောက်ထဲကနေ ပြန်မထွက်ပဲ မျက်နှာကိုကွယ်ထားတဲ့ ဟန်နရီရဲ့ကျောပြင်လေးကို ခပ်နာနာလေးရိုက်လိုက်တော့ ကျောလေးတွန့်ကာ အပြင်ပြန်ထွက်လာသည်

" ခင်ဗျားညစာမစားရသေးဘူးမှတ်လား အခုစားလိုက် "

" အချစ်ကကော "

" ကျတော်က ညနေတုန်းကခေါက်ဆွဲပြုတ်သောက်ထားလို့ မစားတော့ဘူး "

HANARY(S1+S2) Where stories live. Discover now